Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Game of Trones Season 7 ကို လာမယ့် ဇူလိုင်လမှာ စတင်ထုတ်လွှင့်ပြသမည်

Game of Trones Season 7 ကို လာမယ့် ဇူလိုင်လမှာ စတင်ထုတ်လွှင့်ပြသမည်

| No comment
အဲ့ဒီအပြင် #GOTS7 ရဲ့ Poster လည်း ထွက်လာခဲ့ပါတယ်။ HBO ရဲ့ ထုတ်ဖော်ချက်အရ နာမည်ကျော်တီဗီစီးရီး Game of Thrones ရဲ့ Season 7 ကို လာမယ့် ဇူလိုင်လ ၁၆ရက်နေ့မှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် နောက်ဆုံးရာသီလို့ သတင်းကြီးနေတဲ့ ဒီ Season ကို လာမယ့် လေးလလောက်မှာ ကြည့်ရတော့မှာ ဖြစ်ပါတယ်။ 

နောက်ဆုံး Season မှာ ပြီးခဲ့တဲ့ နောက်ဆုံးအဆက်ဖြစ်တဲ့ Daenerys Targaryan က Westeros ကိုသွားတဲ့လမ်းမှာ၊ Cersei Lannister က Iron Throne အကြောင်းပြောနေတာ၊ Arya Stark က သူ့မိသားစုကို ပြန်လက်စားချေတာနဲ့ Jon Snow က King of the North ရဲ့ အရိုက်အရာကို ဆက်ခံတာ စတဲ့ အဖြစ်အပျက်တွေနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ 

ယခုအခါမှာ The Winter နဲ့ The White Walkers တွေလည်း ရောက်လာပြီဖြစ်ပြီး စစ်ကြီးကို စတင်ပြီဖြစ်ပါတယ်။ အောက်ပါအတိုင်းပါပဲ။ 


အဲ့ဒီအပြင် HBO ဟာ Teaser ထရေလာကိုလည်း ထုတ်ဖော်ခဲ့ပါသေးတယ်။ လာမယ့် Season အသစ်မှာ အပိုင်း ရှစ်ပိုင်းနဲ့ အထက် ရှိမယ်လို့လည်း သိရပါတယ်။

U Min Thant

#celebrity.thithtoolwin.com

Ref: The Verge