Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , သရုပ်ဆောင်ခြင်းနှင့်သူ့ရဲ့ပထမဆုံးရုပ်ရှင်ကားအကြောင်းပြောပြတဲ့ GOT7 အဖွဲ့ဝင် Jinyoung

သရုပ်ဆောင်ခြင်းနှင့်သူ့ရဲ့ပထမဆုံးရုပ်ရှင်ကားအကြောင်းပြောပြတဲ့ GOT7 အဖွဲ့ဝင် Jinyoung

| No comment


Idol ကနေ သရုပ်ဆောင်ဖြစ်လာတဲ့သူတိုင်း အမေးခံရလေ့ရှိတဲ့ မေးခွန်းကတော့ “သရုပ်ဆောင်ရတာနှင့် စင်မြင့်ပေါ်မှာ ဖျော်ဖြေရတာ ဘယ်ဟာကို ပိုသဘောကျလဲ?” ဆိုတာပါပဲ။ GOT7 အဖွဲ့ဝင် Jinyoung ရဲ့ အဖြေကတော့ အမြဲတမ်း “၂ ခုစလုံးပါပဲ!” ဖြစ်ပါတယ်။


Jinyoung က သူ့အတွက် ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “A Stray Goat” မှာပါဝင်သရုပ်ဆောင်ထားပါတယ်။ သူက သူ့ရဲ့သရုပ်ဆောင်အရည်အချင်းကို MBC ရဲ့ “When a Man Loves” (၂၀၁၃), JTBC ရဲ့ “My Love Eun Dong” (၂၀၁၅) နှင့် SBS ရဲ့ “The Legend of the Blue Sea” (၂၀၁၆) ဇာတ်လမ်းတွဲတွေမှာ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ GOT7 အဖွဲ့ဝင်အဖြစ် ပွဲဦးမထွက်ခင် KBS 2TV ရဲ့ “Dream high 2” (၂၀၁၂) မှာ သရုပ်ဆောင်အဖြစ် စတင်ခဲ့တာဖြစ်ပါတယ်။

Herald Pop နှင့် အင်တာဗျူးမှာ Jinyoung က “ကျွန်တော်က JYP Entertainment မှာ သင်တန်းသားဖြစ်ခဲ့ပြီး “Dream high 2” ဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင်အဖြစ် ပွဲ၁ဦးထွက်ခဲ့တာပါ။ သရုပ်ဆောင်ဖူးတဲ့ အတွေ့အကြုံလည်းမရှိတော့ ဇာတ်လမ်းတွဲထဲမှာပါရမယ်ဆိုတာ စိတ်ကူးတောင်မယဉ်ဖူးပါဘူး။ တော်တော်တော့ အံ့ဩသွားပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော် ပထမဆုံး စတွေးမိတာက ‘သရုပ်ဆောင်တယ်ဆိုတာ ကြည်နူးဖို့ကောင်းတဲ့ အလုပ်ပါလား’ ဆိုတာပါပဲ” လို့ ပြောပြခဲ့ပါတယ်။



GOT7 အဖွဲ့က တစ်နှစ်လောက် အနားယူနေတဲ့အချိန်မှာ Jinyoung က သရုပ်ဆောင်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ခဲ့တာပါ။ သူက “ကျွန်တော်တစ်ယောက်တည်း ဇာတ်ကားတွေ ကြည့်ဖြစ်တယ်။ သရုပ်ဆောင်ပညာကို လေ့လာတယ်။ သရုပ်ဆောင်သင်တန်း တက်တယ်” လို့ ပြောပြပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီမှာ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ရတာ ပထမဆုံးဖြစ်တာကြောင့်သာမကပဲ အကြောင်းအမျိုးမျိုးကြောင့် ဒီဇာတ်ကားက သူ့အတွက် အဓိပ္ပာယ်အများကြီးရှိတဲ့ ဇာတ်ကားဖြစ်ကြောင်းလည်း ထည့်သွင်းပြောပြခဲ့ပါတယ်။ သူ့ဇာတ်ကောင်ဖြစ်တဲ့ Min Sik က သူ့နှင့် တူညီတဲ့အချက်တွေအများကြီးရှိကြောင်းလည်း ပြောခဲ့ပါတယ်။

Jinyoung က “ကျွန်တော် သင်တန်းသားဖြစ်လာတော့ လူမှုဆက်ဆံရေးတွေ လုပ်ရတယ်။

 ကျွန်တော်နဲ့ ပထမဆုံးတွေ့ဖူးတဲ့သူတွေကို ကြောင်တောင်တောင်နဲ့ ပြုံးပြခဲ့တာ မှတ်မိသေးတယ်။ Min Sik က ကျွန်တော် JYP Entertainment မှာ သင်တန်းသားအဖြစ် စတင်ခဲ့တုန်းက ကျွန်တော့်ပုံစံကို အမှတ်ရစေပါတယ်။ ကျွန်တော်လည်း (Min Sik လိုပဲ )Jinhae ကနေ Seoul ကို ကျောင်းပြောင်းခဲ့ရတယ်။ အခုချိန်ထိတောင် ကျွန်တော် အလောတကြီးနဲ့ စကားပြောလိုက်ရင် ဒေသိယစကားသံ ထွက်နေတုန်းပဲ” လို့ ပြောပြခဲ့ပါတယ်။

“A Stray Goat” ဇာတ်ကားက Jinyoung ရဲ့ မွေးရပ်မြေမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါက သူ့အတွက် မွေးရပ်မြေက ဒေသိယစကားသံကို ထုတ်ပြဖို့ အခွင့်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Min Sik က Suwon ကပြောင်းလာတဲ့ ကျောင်းသားဖြစ်တဲ့အတွက် ရိုက်ကွင်းပေါ်မှာ ဒေသိယစကားသံနှင့် မပြောရတဲ့ သရုပ်ဆောင်က Jinyoung တစ်ယောက်တည်းဖြစ်နေပါတယ်။ သူက “ဒေသိယစကားသံနဲ့ မပြောမိဖို့ အရမ်းကြိုးစားခဲ့ရတယ်။ အဲ့ဒီလိုလုပ်ရတာ တစ်ယောက်တည်းဆိုတော့ ခက်ခဲပါတယ်။ Seoul ကို ပထမဆုံးပြောင်းလာတုန်းကလိုပဲ ခံစားခဲ့ရတယ်” လို့ ရယ်မောပြီး ပြောပြခဲ့ပါတယ်။

Jinyoung က ရုပ်ရှင်ရိုက်ကူးရင်းနဲ့ GOT7 အဖွဲ့လိုက် လှုပ်ရှားမှုတွေကို တစ်ပြိုင်နက်တည်း မဖြစ်ဖြစ်အောင်လုပ်ခဲ့ရပါတယ်။ ၂ ခုလုံးကို တစ်ချိန်တည်းမှာ လုပ်ဖို့ကြိုးစားရတာက ဗျာများစရာဖြစ်နေမှာပါ။ ဒါပေမယ့် သူကတော့ အခြေအနေကို အကောင်းမြင်တဲ့ဖက်က ကြည့်ပြီးတော့ “၂ ခုလုံးကို တစ်ပြိုင်းတည်းလုပ်ခွင့်ရတာက ဂုဏ်ယူဖို့ကောင်းပါတယ်။ သရုပ်ဆောင်လုပ်နိုင်တာနဲ့ ဖျော်ဖြေနိုင်တာကို ကျွန်တော်က ပျော်နေတာပါ။ အရမ်းကျေးဇူးတင်ပါတယ်” လို့ ပြောသွားပါတယ်။

သူက “ကြားရတာတော့ ထူးဆန်းနေမလားမသိဘူး ဒါပေမယ့် ဘယ်အရာကမှ ထာဝရမတည်မြဲပါဘူး။ အခွင့်အရေးရနေတုန်းမှာ ကျွန်တော် လုပ်နိုင်သလောက် လုပ်ထားချင်တယ်။ နောက်ကျရင် ကျွန်တော်က လုပ်ချင်ပါတယ်ဆိုရင်တောင်မှ လုပ်ခွင့်ရချင်မှ ရတော့မှာလေ။ စိတ်အားထက်သန်နေပေမယ့် ခန္ဓာကိုယ်က မလိုက်နိုင်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ လူတွေ ပြောနေကျ “ရေထဲမှာရှိနေတုန်း လှေလှော်ထားရမယ်” ဆိုတဲ့ ဆိုရိုးစကားလိုပဲ။ GOT7 အဖွဲ့ဝင်တွေက အဲ့ဒီစကားကို အချင်းချင်း ခဏခဏပြောလေ့ရှိတယ်။ ကျွန်တော်တို့က အသေးအဖွဲလေးကအစ အရာအားလုံးအတွက် ကျေးဇူးသိတတ်အောင် ကြိုးစားနေကြပါတယ်” လို့ နိဂုံးချုပ်ပြောသွားခဲ့ပါတယ်။


RII

#celebrity.thithtoolwin.com

Src : Soompi