အကောင်းဆုံးကိစ္စတွေက ၃ ခုတွဲလာတတ်ပေမယ့် စက်ဆုပ်ဖွယ်အကောင်းဆုံးသူတွေကရော? Minion-factory Illumination Entertainment က နောက်ဆုံးထွက်ရှိလာတဲ့ တတိယမြောက် Despicable Me ဇာတ်လမ်းတွဲရဲ့ ဇာတ်ကားနမူနာမှာတော့ အခုအခါမှာ အနားယူလိုက်ပြီဖြစ်တဲ့ ဗီလိန်ကြီး Gru ဟာ ကွဲကွာနေတာကြာပြီဖြစ်တဲ့ အမြွာညီအစ်ကို Dru နှင့် ဆုံတွေ့ရမှာဖြစ်ပါတယ်။
သူတို့နှစ်ယောက်စလုံးနေရာက အသံသရုပ်ဆောင်ထားတဲ့ Steve Carell အတွက်တော့ ပိုပြီးတောင် ပျော်စရာကောင်းဦးမှာပါ။
ပထမထွက်ရှိခဲ့တဲ့ ဇာတ်ကားနမူနာထဲမှာ ဖက်ရှင်အမြင်ရှိပြီး လိုက်ဖက်တဲ့ ဆံပင်ကေနှင့် လူထူးဆန်း Balthazar Bratt (အသံသရုပ်ဆောင် Trey Parker) ကို တွေ့ခဲ့ရပြီးပါပြီ။
ဒီတစ်ခါမှာတော့ Gru ရဲ့ မိသားစုဘဝနှင့် ဇာတ်ကွက်တွေလည်းအများကြီး ပါဝင်လာပြီး သူ့အစ်ကိုနှင့် ဆုံတွေ့တဲ့အခါမှာ သူ့ရဲ့ယုတ်မာတဲ့ နည်းလမ်းဟောင်းတွေကို ပြန်တွေ့ရမှာဖြစ်ပါတယ်။ ပြီးတော့ Minions တွေကိုလည်း အလျှံအပယ်တွေ့ရဦးမှာပါ။
Despicable Me 3 ကို ဇွန်လ ၁၀ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
RII
#celebrity.thithtoolwin.com
Ref: EW