Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အက်ရှင်တွေအများကြီးပါဝင်တဲ့ Guardians of the Galaxy Vol. 2 ဇာတ်ကားနမူနာသစ် ထွက်ရှိလာ

အက်ရှင်တွေအများကြီးပါဝင်တဲ့ Guardians of the Galaxy Vol. 2 ဇာတ်ကားနမူနာသစ် ထွက်ရှိလာ

| No comment

Guardians of the Galaxy Vol. 2 ဇာတ်လမ်းအစမှာ Star-Lord, Gamora, Drax, Rocket နှင့် Groot တို့ဟာ သူတို့ကိုယ်သူတို့ zeroes ကနေ superheroes တွေဖြစ်လာတာကို တွေ့ရမှာပါ။

“သူတို့က နည်းနည်းတော့ နာမည်ကျော်ကြားလာပြီး သူတို့စိတ်ထဲမှာတော့ သူတို့ကိုယ်သူတို့ rock stars တွေပေါ့။ နည်းနည်းတော့ သွေးနာထင်ရောက်ပြီး အောက်ခြေလွတ်နေသလို ယုံကြည်မှုလည်း အနည်းငယ်ပိုရှိလာကြတယ်” လို့ အမှုဆောင် ပရိုဂျူဆာ Jonathan Schwartz က ပြောပြပါတယ်။

ဒါတွေက သူတို့အဖွဲ့ရဲ့ လှုပ်ရှားမှုအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိမလဲ? အဖြေကို သိရဖို့ကတော့ ဇာတ်ကားထွက်လာမည့် မေလ ၅ ရက်အထိ စောင့်ရဦးမှာပါ။ ဒါပေမယ့် အင်္ဂါနေ့ညက Jimmy Kimmel Live! မှာ ပြသခဲ့တဲ့ ဇာတ်ကားနမူနာသစ်မှာတော့ ဘာတွေဖြစ်လာမလဲဆိုတာ အရိပ်အမြွက်ပေးထားပါတယ်။

ချစ်ဖို့ကောင်းတဲ့ Baby Groot ဇာတ်ဝင်ခန်းတွေ၊ များပြားလှတဲ့ အမြောက်ကြီးတွေ၊ Guardians တွေနှင့် သူတို့ရဲ့ မူလရန်သူဟောင်း Nebula (Karen Gillan) တို့ကြားက ပူးပေါင်းမှုတွေနှင့် Star-Lord ရဲ့ ဖခင် Ego (Kurt Russell) ကိုလည်း Fleetwood Mac ရဲ့ ၁၉၉၇ ခုနှစ်က အောင်မြင်ခဲ့တဲ့ “The Chain”  သီချင်းကိုနောက်ခံထားပြီး တွေ့မြင်ရမှာဖြစ်ပါတယ်။

James Gunn ရေးသား ရိုက်ကူးထားတဲ့ Guardians of the Galaxy Vol. 2 ဇာတ်ကားမှာ Chris Pratt, Zoe Saldana, Dave Bautista, Vin Diesel, Bradley Cooper, Michael Rooker, Sean Gunn, Pom Klementieff နှင့် Elizabeth Debicki တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Vitamin

#celebrity.thithtoolwin.com

Src : EW