Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဧပြီလ ၇ ရက်မှာ သီချင်းအသစ်ထွက်မည့် Harry Styles

ဧပြီလ ၇ ရက်မှာ သီချင်းအသစ်ထွက်မည့် Harry Styles

| No comment

Harry Styles က ဧပြီလ ၇ ရက်မှာ ကြီးကြီးမားမားတစ်ခုခု လာတော့မယ်ဆိုတာ သဲလွန်စတွေချပေးနေပြီး အဲ့ဒါကတော့ သီချင်းအသစ်ဖြစ်ကြောင်း Billboard က သတင်းရရှိထားပါတယ်။

နောက်ခံတီးလုံးသံတွေကြားနေရပြီး Styles က မီးခိုးငွေ့ တိမ်တိုက်တွေကြားက ဖြတ်လျှောက်လာတဲ့ ပဟေဠိဆန်တဲ့ တီဗီကြော်ငြာတစ်ခုကို မတ်လ ၂၅ ရက်က U.K မှာ လွှင့်ခဲ့ပါတယ်။ ကြော်ငြာရဲ့အဆုံးမှာ ဧပြီလ ၇ ရက်ဆိုတဲ့ ရက်စွဲပေါ်မလာခင် အဆိုတော်က ကင်မရာကို စိုက်ကြည့်ခဲ့ပါတယ်။

One Direction အဆိုတော်က Columbia Records နှင့် စာချုပ်ချုပ်ဆိုခဲ့တဲ့ သတင်းကို ဇွန်လက အတည်ပြုပေးခဲ့ပါတယ်။ ဧပြီလ ၇ ရက်မှာ ထွက်ရှိလာမှာကတော့ Styles ရဲ့ တစ်ကိုယ်တော်ပွဲဦးထွက် သီချင်းဖြစ်မှာပါ။


RII

#celebrity.thithtoolwin.com

Ref: Billboard