Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Justice League ဇာတ်ကား နမူနာသစ် ထွက်ရှိ

Justice League ဇာတ်ကား နမူနာသစ် ထွက်ရှိ

| No comment

Aquaman, Batman, The Flash, Wonder Woman နှင့် Cyborg တို့အတွက် ပိုစတာတွေနှင့် ဇာတ်လမ်းနမူနာ အပိုင်းတိုလေးတွေ ထွက်ရှိပြီးနောက်မှာ Warner Bros. Pictures က Justice League ဇာတ်ကား နမူနာသစ်ကို တရားဝင်ပွဲထုတ်ပေးလိုက်ပါပြီ။
Justice League ဇာတ်ကားမှာ Henery Cavill က Superman အဖြစ်၊ Gal Gadot က နှင့် Wonder Woman အဖြစ်၊ Jason Mamoa က Aquaman အဖြစ်၊ Ezra Miller က The Flash အဖြစ်၊ Ray Fisher က Cyborg အဖြစ်၊ Wilem Dafoe က Nuidis Vulko အဖြစ်၊ Jesse Eisenberg က Lex Luthor အဖြစ်၊ Jeremy Irons က Alfred Pennyworth အဖြစ်၊ Diane Lane က Martha Kent  အဖြစ်၊ Connie Nielsen က Queen Hippolyta အဖြစ်၊ J.K.  Simmon က Commissioner Gordon အဖြစ်၊ Amy Adams က Lois Lane အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

Warner Bros က ထုတ်ပြန်ထားတဲ့ တရားဝင် Justice League သရုပ်ဆောင်စာရင်းထဲမှာတော့ မပါပေမယ့် Ciarán Hinds က Steppenwolf အဖြစ်၊ Amber Heard က Mera အဖြစ်နှင့် Kiersey Clemons က Iris West အဖြစ်ပါဝင်မယ်လို့လည်း ခန်းမှန်းရပါတယ်။
ပြန်လည်ဖြစ်ပေါ်လာတဲ့ လူသားတွေအပေါ်ယုံကြည်စိတ်နှင့် Superman ရဲ့ကိုယ်ကျိုးစွန့်ဆောင်ရွက်မှုတို့၏ လှုံဆော်မှုတို့ကြောင့် Bruce Wayne ဟာ အသစ်တွေ့ရှိတဲ့ မဟာမိတ် Diana Prince ရဲ့အကူအညီနှင့် ပိုမိုကြီးမားတဲ့ရန်သူကို ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုအသစ်ကို တွန်းလှန်ဖို့ Batman နှင့် Wonder Woman တို့အတူတကွ စွမ်းအားရှိလူသားများကို ရှာဖွေပြီး အဖွဲ့တစ်ခုထူထောင်ဖို့ အမြန်လှုပ်ရှားကြပါတယ်။ Batman၊ Wonder Woman၊ Aquaman၊ Cyborg နှင့် The Flash တို့ပါဝင်တဲ့ လူစွမ်းကောင်းများအဖွဲကို ဖွဲ့စည်းခဲ့ပေမယ့်  ရုတ်တရက်ဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုကနေ ကမ္ဘာကြီးကိုကယ်တင်ဖို့ အရမ်းနောက်ကျသွားနိုင်ပါတယ်။

Snyder နှင့် Terrio တို့ရဲ့ ဇာတ်လမ်းကို Chris Terrio က ဇာတ်ညွှန်းရေးသားထားပြီး Zack Synder က ရိုက်ကူးမှာဖြစ်ပါတယ်။ ပရိုဂျူဆာတွေကတော့ Charles Roven, Deborah Snyder, Jon Berg နှင့် Geoff Johns တို့ဖြစ်ပါတယ်။ အမှုဆောင် ပရိုဂျူဆာတွေကတော့ Jim Rowe, Wesley Coller, Curt Kanemoto, Chris Terrio နှင့် Ben Affleck တို့ဖြစ်ပါတယ်။
Justice League ဇာတ်ကားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှာပြသမှာဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Ref:Coomingsoon