Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်တဲ့ Katy Perry နဲ့ Orlando Bloom

လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်တဲ့ Katy Perry နဲ့ Orlando Bloom

| No comment


Katy Perry နှင့် Orlando Bloom တို့က သူတို့ တွဲနေတာ မဟုတ်တော့ကြောင်း အတည်ပြုလိုက်ပါတယ်။

တွဲနေတာ ၁ နှစ်ရှိပြီဖြစ်တဲ့ သူတို့စုံတွဲဟာ လမ်းခွဲလိုက်တဲ့အကြောင်းနှင့် ပတ်သက်ပြီး US Weekly ကို နှစ်ယောက်အတူပေါင်းပြီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ “ကောလဟာလတွေ မမှန်မကန်သတင်းတွေ ထိန်းမနိုင်သိမ်းမရ ထွက်မလာခင် Orlando နှင့် Katy တို့ အခုချိန်မှာ လေးစား ချစ်ခင်မှုတွေနှင့် လမ်းခွဲလိုက်ကြောင်း အတည်ပြုပေးလိုက်ပါတယ်” လို့ပါရှိပါတယ်။
ဒီတစ်ပတ်ပိတ်ရက်က Vanity Fair အော်စကာပါတီမှာ သူတို့နှစ်ဦး ချစ်ချစ်ခင်ခင်ဖြစ်နေတဲ့ ဓာတ်ပုံတွေကို တွေ့ခဲ့ပြီးတဲ့အတွက် ဒီသတင်းဟာ ပရိသတ်တွေအတွက်တော့ အံ့ဩစရာဖြစ်နေမှာပါ။

သူတို့စုံတွဲက ၂၀၁၆ ခုနှစ် ဇန်နဝါရီလတုန်း Netflix Golden Globes ပါတီမှာ ဆုံတွေ့ခဲ့တာဖြစ်ပြီး အလျင်အမြန်ပဲ အားလုံးသဘောကျတဲ့ စုံတွဲဖြစ်လာတဲ့အတွက် အံ့အားသင့်စရာ လမ်းခွဲသတင်းဟာ ပိုပြီးကြေကွဲစရာဖြစ်နေပါတယ်။

ဒါပေမယ့်လည်း ခက်ခဲတဲ့အချိန်တွေကို ကျော်လွှားနိုင်တဲ့ဖို့အတွက် သူတို့နှစ်ယောက်အတူ အပျော်လှေစီထွက်ခဲ့တဲ့ ချိုမြိန်တဲ့အမှတ်တရတွေက အတူရှိနေမှာပါ။

Vitamin

#celebrity.thithtoolwin.com

Src : EW