Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ‘King Arthtur’ ဇာတ်ကားအတွက် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲထားတဲ့ David Beckham

‘King Arthtur’ ဇာတ်ကားအတွက် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲထားတဲ့ David Beckham

| No comment


မျက်နှာကိုတော့ မလုပ်လိုက်ပါနဲ့!
David Beckham က ဒါရိုက်တာ Guy Ritchie ရိုက်ကူးတဲ့ King Arthtur: Legend of the Sword ဇာတ်ကားထဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ဖို့အတွက် မိတ်ကပ်တွေကို ပီပီပြင်ပြင် ပြင်ဆင်ထားတာတွေ့ရပါတယ်။ အသက် ၄၁ နှစ်အရွယ် ချောမောတဲ့ ဘောလုံးသမားက ပိုးစားထားတဲ့ သွားတွေနှင့် အမာရွတ်တွေပြည့်နေအောင် ပြင်ဆင်ထားတဲ့ မျက်နှာပုံကို အင်္ဂါနေ့က Instagram ပေါ်မှာ မျှဝေခဲ့ပါတယ်။

“အလုပ်မှာ ကြမ်းတမ်းတဲ့ နေ့ပါပဲ” လို့ အရွှန်းဖောက် ရေးသားခဲ့ပါတယ်။
King Arthtur အဖြစ် Charlie Hunnam က ပါဝင်သရုပ်ဆောင်ထားတဲ့ Ritchie ရဲ့ ဇာတ်ကားထဲမှာ Beckham က စိတ်မကျေမချမ်းဖြစ်နေတဲ့ သူရဲကောင်းအဖြစ် ဧည့်သည်သရုပ်ဆောင်ထားပါတယ်။ Beckham က ၂၀၁၃ ခုနှစ်ကလည်း H&M ကြော်ငြာအတွက် Ritchie နှင့်အတူလက်တွဲခဲ့ဖူးပါတယ်။
King Arthtur: Legend of the Sword ဇာတ်ကားကို မေလ ၁၇ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Ref: ET