EXO အဖွဲ့ဝင် Sehun က ဆွဲဆောင်မှုရှိတဲ့ အကြည့်တစ်ချက်နှင့် မြင့်မားလှတဲ့ အရပ်အမောင်းတို့နှင့်အတူထိုင်းနိုင်ငံ မဂ္ဂဇင်း L’Optimum မျက်နှာဖုံးပေါ်မှာ တန်ဆာဆင်ခဲ့ပါတယ်။
Sehun က မဂ္ဂဇင်းရဲ့ မတ်လထုတ်အတွက် မကြာသေးခင်က ဓာတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။
အယူအဆအမျိုးမျိုးနှင့် တောက်ပလှတဲ့ အရောင်မျိုးစုံကို နောက်ခံပြီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
သူရဲ့နှာခေါင်းချွန်ချွန်၊ ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတွေနှင့်အတူ ချောမောတင့်တယ်တဲ့ ရုပ်ရည်ကြောင့် အနီရောင် ကော်လာပါရှပ်အင်္ကျီ ပွပွကြီးကနေ ပန်းပွင့်ပုံတွေဖော်ထားပြီး ခန္ဓာကိုယ်မှာ ကွက်တိကျတဲ့ ကုတ်အင်္ကျီအထိဟာ ပိုမိုပေါ်လွင်လာပါတယ်။
Sehun ရဲ့ ဖွထားတဲ့ ဆံပင်ပုံစံနှင့် သက်သောင့်သက်သာရှိတဲ့ ကိုယ်နေဟန်ထားတွေက အယူအဆတစ်ခုချင်းဆီကို အသက်သွင်းပေးထားပါတယ်။ ဒါတွေကြောင့်လည်း အနုပညာလောကမှာ ဖက်ရှင်ကျသူရယ်လို့ လူသိများပြီး Louis Vuitton Paris Fashion Week Show မှာ Vogue မဂ္ဂဇင်းက အကောင်းဆုံးဝတ်စားဆင်ယင်သူအဖြစ် အမည်တပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
လတ်တလောမှာ Sehun က EXO’s Asia tour မှာပါဝင်နေတာဖြစ်ပြီး “EXO PLANET #3 – The EXO’rDIUM – in KUALA LUMPUR” ကို မလေးရှားနိုင်ငံမှာ စတင်မှာဖြစ်ပါတယ်။
RII
#celebrity.thithtoolwin.com
Ref: Soompi