Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Louis Vuitton ဖက်ရှင်ရှိုးပွဲမှာ အကောင်းဆုံးဝတ်စားဆင်ယင်သူအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ EXO အဖွဲ့ဝင် Sehun

Louis Vuitton ဖက်ရှင်ရှိုးပွဲမှာ အကောင်းဆုံးဝတ်စားဆင်ယင်သူအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ EXO အဖွဲ့ဝင် Sehun

| No comment

Louis Vuitton ဖက်ရှင်ရှိုးပွဲရဲ့ ရှေ့ဆုံးတန်းက ထိုင်ပြီး အားပေးကျသူတွေထဲမှာ အပြိုင်အဆိုင်တွေရှိတတ်တာ ထုံးစံပါပဲ။

ဒါပေမယ့် ဒီတစ်ခါမှာတော့ အကောင်းဆုံး ဝတ်စားဆင်ယင်သူနှင့် ပရိသတ်တွေအများဆုံး အော်ဟစ်အားပေးခြင်းခံရသူက ဆိုးလ်မြို့မှာ အခြေတည်ဖွဲ့စည်းထားတဲ့ EXO အဖွဲ့ဝင် Sehun ပါပဲ။ ကမ္ဘာ့အကျော်ကြားဆုံး အဖွဲ့တစ်ဖွဲ့လို့ ပြောလို့ရတဲ့ အဖွဲ့ရဲ့ အဖွဲ့သားပီပီ Sehun က အာရုံကို ဖမ်းစားနိုင်တဲ့ နာမည်ကျော် ဒီဇိုင်နာတွေရဲ့ ဝတ်စုံကို ဝတ်ဆင်ပြီး ကမ္ဘာလှည့်နေကျဖြစ်ပေမယ့် Vuitton ပွဲမှာတော့ အပြောင်းအလဲအဖြစ် လျှော့ပေါ့ပြီး ဝတ်ဆင်လာပါတယ်။

 ဆံပင်ကို သက်တံ့ရောင်ဆိုးပြီး ဖက်ရှင်ရှိုးလျှောက်နေသလား ထင်ရလောက်အောင် လေဆိပ်တွေမှာ သွားလာတတ်သူအဖြစ် လူသိများပေမယ့်လည်း Vuitton ပွဲတက်လာတဲ့ သူ့ရဲ့အခိုက်အတန့်လေးကတော့ ပြောင်မြောက်လှပါတယ်။ ဆံပင်ကို နောက်ပြန်လှန်ထားပြီး ရုပ်စုံမှန်ပြောင်းလို အရောင်စုံရိုက်နှိပ်ထားတဲ့ တီရှပ်နှင့် အနက်ရောင် သားရေဂျာကင်ကို ဝတ်ဆင်ထားတဲ့ သူ့ပုံစံက ရိုးရှင်းပြီး ဆွဲဆောင်မှုရှိနေပြီး၊ Louvre မှာ ရှေ့ဆုံးတန်းက ထိုင်ဖို့ လုံးဝကို ပြီးပြည့်စုံနေပါတယ်။

ပုံမှန်ပွဲတက်နေကြသူတွေဖြစ်တဲ့ Jaden Smith, Léa Seydoux, Jennifer Connelly နှင့် Catherine Deneuve တို့ရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ လူအုပ်ကြီးကြားထဲမှာ Sehun က အံဝင်ကွင်ကျဖြစ်နေပါတယ်။

ပွဲမစခင်ကတည်းက သူ့ကို ဖျက်ခနဲတစ်ချက်မြင်ရဖို့အတွက် အပြင်မှာ တန်းစီစောင့်နေတဲ့ ပရိသတ်တွေရဲ့ အကြီးမားဆုံး တုံ့ပြန်မှုကို ရိုးရိုးလေး တံခါးကိုဖြတ်ဝင်လိုက်ရုံနှင့် ရရှိနိုင်ခဲ့ပါတယ်။ ခေါင်းအစ ခြေအဆုံး Vuitton ကို ဝတ်ဆင်ထားပြီး ကြော့ကြော့မော့မော့နှင့် ရောက်ရှိလာတဲ့ Sehun က သူ့ကို သဘောကျနှစ်သက်သူတွေကို စိတ်မပျက်စေရဘဲ အတွင်းက ပွဲကြည့်ပရိသတ်တွေကို “သူက ဘယ်သူမျာပါလိမ့်?” ဆိုတဲ့ သိချင်စိတ်တွေနှင့် ချန်ထားခဲ့ပါတယ်။


RII

#celebrity.thithtoolwin.com

Src : Vogue