Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , MBC ရဲ့ ရုပ်သံဇာတ်လမ်းတွဲသစ်မှာ ခေါင်းဆောင်မင်းသမီးနေရာကနေပါဝင်မယ့် Girls’ Generation အဖွဲ့ဝင် Seohyun

MBC ရဲ့ ရုပ်သံဇာတ်လမ်းတွဲသစ်မှာ ခေါင်းဆောင်မင်းသမီးနေရာကနေပါဝင်မယ့် Girls’ Generation အဖွဲ့ဝင် Seohyun

| No comment


အစောပိုင်းတုန်းက MBC က အပတ်စဉ် ပိတ်ရက်မှာ ထုတ်လွှင့်မည့် “Thief, Thief” (ယာယီအမည်) ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်ဖို့ Seohyun က စဉ်းစားနေတယ်လို့ သတင်းပို့ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
 

“Thief, Thief” ဇာတ်လမ်းတွဲကတော့ ကိုရီးယားလူ့အဖွဲ့အစည်းကို လျှို့ဝှက်ကလိမ်ကျပြီး ကိုယ်ကျိုးရှာနေတဲ့ အခွင့်ထူးခံလူတန်းစားတွေကို ပစ်မှတ်ထားတဲ့ သူခိုအဖွဲ့တစ်ဖွဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။
 

Seohyun က Kang So Ju ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ခေါင်းဆောင်မင်းသမီအဖြစ်ပါဝင်ဖို့ လက်ခံလိုက်ကြောင်း မတ်လ ၁၅ ရက်က အတည်ပြုခဲ့ပါတယ်။ Kang So Ju ဟာ တရားမျှတမှုကို အလွန့်အလွန် မြတ်နိုးတဲ့ စိတ်ဓာတ်ပြင်းထန်တဲ့ ရဲစုံထောက်တစ်ယောက်ဖြစ်ပါတယ်။ ဒီဇာတ်ကောင်က ရာဇဝတ်သားတွေနှင့် ရင်ဆိုင်ရတဲ့အခါမှာ သူကိုယ်တိုင်ရဲ့လုံခြုံရေးကို စိတ်မပူဘဲ ကိုယ့်ကိုကိုယ် မကာကွယ်နိုင်တဲ့သူတွေကိုသာ ကာကွယ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားတာဖြစ်ပါတယ်။
 

“Thief, Thief” ဇာတ်လမ်းတွဲကို “Father, I’ll Take Care of You” ဇာတ်လမ်းတွဲ ဇာတ်သိမ်းပြီးနောက် မေလထဲမှာ စတင်ထုတ်လွှင့်မှာဖြစ်ပါတယ်။

RII

#celebrity.tithtoolwin.com

Ref:Soompi