Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သမီးလေးမွေးဖွားလိုက်တဲ့ Natalie Portman

သမီးလေးမွေးဖွားလိုက်တဲ့ Natalie Portman

| No comment

မင်းသမီး Natalie Portman မှာ ဒီနှစ်ကျင်းပတဲ့ အော်စကာဆုပေးပွဲကို မတက်ရတဲ့ အကြောင်းအရင်းကောင်းကောင်း ရှိနေခဲ့ပါတယ်။

ဒါကတော့ သူ့ရဲ့ ဒုတိယမြောက်ကလေးကို ဆုပေးပွဲမကျင်းပမီ ၄ ရက်အလိုမှာမွေးဖွားခဲ့လို့ပါပဲ။

မင်းသမီးနဲ့ ကကွက်တီထွင်သူ ပြင်သစ်လူမျိုး ခင်ပွန်းဖြစ်တဲ့ Benjamin Millepied တို့က Amalia လို့အမည်ပေးထားတဲ့ သမီးလေးရဲ့ ဂုဏ်ယူဖွယ်မိဘတွေဖြစ်နေပါပြီ။ Portman က ဖေဖော်ဝါရီလ ၂၂ ရက်က ကလေးမွေးဖွားခဲ့တာဖြစ်ပြီး “ကလေးရော မိခင်ပါ ပျော်ရွှင် ကျန်းမာပါတယ်” လို့ ကိုယ်စားလှယ်ကဖြစ်သူက People မဂ္ဂဇင်းကို မတ်လ ၃ ရက်က ပြောပြခဲ့ပါတယ်။

Portman (၃၅ နှစ်)နှင့် Millepied (၃၉ နှစ်) တို့က သူ ကကွက်တီထွင်ပေးခဲ့တဲ့ ၂၀၁၀ ခုနှစ်က Black Swan ဇာတ်ကား ရိုက်ကွင်းမှာ ဆုံတွေ့ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့မှာ Aleph ဆိုတဲ့ ၅ နှစ်အရွယ်သားလေးလည်း ရှိပါသေးတယ်။

Portman က ဒီနှစ်မှာ Jackie ဇာတ်ကားအတွက် Best Actress အကယ်ဒမီဆုအတွက် လျာထားခြင်းခံခဲ့ရပါတယ်။ ဖေဖော်ဝါရီလ ၂၆ ရက်မှာ ကျင်းပခဲ့တဲ့ဆုပေးပွဲမတိုင်မီ ရက်အနည်းငယ်မှာ “ကိုယ်ဝန်ဆောင်ထားရတာကြောင့် Independent Spirit Awards နှင့် Academy Awards ဆုပေးပွဲတွေကို တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဆန်ကာတင်စာရင်း ဝင်တဲ့သူတွေနှင့်အတူ ဂုဏ်ပြုခံရတာ အရမ်းကံကောင်းတယ်လို့ ခံစားရပါတယ်။ သူတို့အတွက် ပျော်ရွှင်ဖွယ်ကောင်းတဲ့ ရက်သတ္တပတ်လေးတွေ ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” လို့ ကြေညာခဲ့ပါတယ်။

သူကိုယ်တိုင်ကလည်း ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချိန်လေးတွေ ပိုင်ဆိုင်နေရတာ သေချာပါတယ်။

RII

#celebrity.thithtoolwin.com

Src : MTV