Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Netflix မှ Death Note ဇာတ်ကားနမူနာထွက်ရှိ

Netflix မှ Death Note ဇာတ်ကားနမူနာထွက်ရှိ

| No comment

“စကြတော့မလား?” တုန်လှုပ်ခြောက်ခြားစရာ ဂျပန်ကာတွန်းစာအုပ် Death Note ကို
ဒါရိုက်တာ Adam Wingard (Blair Witch, The Guest) က အသက်သွင်းထားတဲ့
ဇာတ်လမ်းနမူနာကို Netflix မှ ထုတ်လွှင့်ပေးခဲ့ပါတယ်။

ဇာတ်လမ်းနမူနာ ထဲမှာ Nat Wolff (Paper Towns) က လူသတ်နိုင်တဲ့
သဘာဝလွန်စွမ်းအင်တွေ ပိုင်ဆိုင်ထားတဲ့ စာအုပ်ကို မတော်မတဆတွေ့မိတဲ့
အထက်တန်းကျောင်းသားလေး Light Turner အဖြစ်ပါဝင်ထားပါတယ်။ စာအုပ်ပိုင်ရှင်
လုပ်ရမှာကတော့ တစ်စုံတစ်ယောက်ရဲ့ မျက်နှာကို မြင်ယောင်ရင်း နာမည်ကို
စာအုပ်ထဲမှာ ချရေးလိုက်ရုံပါပဲ။ မကြာခင်မှာပဲ Light က သေခြင်း၊
ရှင်ခြင်းကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားအပေါ်မှာ ရစ်မူးလာပြီး
အသက်ရှင်ဖို့ မထိုက်တန်ဘူးလို့ သူကိုယ်တိုင် သတ်မှတ်ထားတဲ့
လူတွေရဲ့နာမည်ကို ချရေးပါတော့တယ်။

ဒါပေမယ့်လည်း စာအုပ်ကို အဖော်ပြုနေတဲ့ သေမင်း Ryuk မပါဘဲနဲ့တော့ Death
Note ဇာတ်ကားမဖြစ်နိုင်ပါဘူး။ Light က အမှောင်ရိပ်ထဲက Ryuk ရဲ့
မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်ပြီး “စကြတော့မလား?” ဆိုတဲ့
ကြက်သိမ်းထစရာ မေးခွန်းကို မေးလိုက်ပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ Margaret Qualley (The
Leftovers) က Mia Sutton အဖြစ်, Keith Stanfield (Straight Outta
Compton) က “L” အဖြစ်၊ Paul Nakauchi (Alpha and Omega) က Watari အဖြစ်,
Shea Whigham (Agent Carter) က James Turner အဖြစ် နှင့် Willem Dafoe
(The Great Wall) က Ryuk အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။

“Death Note ဇာတ်ကားအတွက် ကျွန်တော်တို့ အမြင်က ကာတွန်းကို
အချိန်အကြာကြီးအားပေးခဲ့တဲ့ ပရိသတ်တွေအတွက် စွဲမက်ဖွယ်ကောင်းတဲ့
ဒီဇာတ်လမ်းကို ပိတ်ကားပေါ် ယူဆောင်လာပေးဖို့နဲ့ ထူးကဲကောင်းမွန်ပြီး
လျှို့ဝှက်သဲဖိုဆန်တဲ့ လောကကြီးနဲ့ မိတ်ဆက်ပေးဖို့ပါပဲ” လို့ ပရိုဂျူဆာ
Roy Lee နှင့် Dan Lin တို့က ပြောကြားခဲ့ပါတယ်။
Death Note ဇာတ်ကားကို ဩဂုတ်လ ၂၅ ရက်တွင် Netflix မှာ ပြသမှာဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Ref: EW