Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သားဦလေးကို ကြိုဆိုခဲ့တဲ့ One Direction အဖွဲ့ဝင် Liam Payne နှင့် Cheryl Cole

သားဦလေးကို ကြိုဆိုခဲ့တဲ့ One Direction အဖွဲ့ဝင် Liam Payne နှင့် Cheryl Cole

| No comment

Liam Payne က Cheryl နှင့်အတူ ပထမဦးဆုံး သားလေးကို ကြိုဆိုခဲ့ကြောင်း စနေနေ့က Instagram မှာ အတည်ပြုခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ သားဦးလေးကို ဒီလောကကြီးထဲ ကြိုဆိုရတာ အရမ်းပီတိဖြစ်မိပါတယ်။ ကျန်ရှိနေတဲ့ ကျွန်တော့်ဘဝတစ်လျှောက်လုံးအတွက် ဘယ်တော့မှ မမေ့နိုင်တော့မယ့် အခိုက်အတန့်လေးတစ်ခုဖြစ်ပြီး ခုချိန်ထိရှိခဲ့တဲ့ အမှတ်တရတွေမှာ အကောင်းဆုံး အမှတ်တရတစ်ခုပါ။ သူ့ရဲ့အံ့ဖွယ်မိခင်ကိုလည်း ဒီကိစ္စတစ်လျှောက်လုံးအတွက် လုံးဝကို အံ့ဩလေးစားမိပါတယ်။ ကျွန်တော့်ရဲ့ အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာအောင် လုပ်ပေးခဲ့တာပါ။ ကျွန်တော်တို့ သားလေးကို အခုထိ နာမည်မပေးရသေးပေမယ့် ကျွန်တော်အပါအဝင် အားလုံးရဲ့ နှလုံးသားတွေကို ဖမ်းစားနေနှင့်ပါပြီ။ ကျွန်တော် အရမ်ကံကောင်းတယ်လို့ ခံစားမိပါတယ်” လို့ ၂၃ နှစ်အရွယ် Payne က သားလေးကို ပွေ့ဖက်ထားတဲ့ ဓာတ်ပုံကို စာရေးသားပြီး တင်ခဲ့ပါတယ်။
Cheryl ကလည်း Payne ရဲ့ ဓာတ်ပုံကိုပဲ တင်ပြီး ကလေးကို မတ်လ ၂၂ ရက် မွေးဖွားခဲ့ပြီး ၇ ပေါင် ၉ အောင်စရှိကြောင်း ဖော်ပြခဲ့ပါတယ်။

Payne နှင့် Girls Aloud အဖွဲ့ဝင်ဟောင်းတို့က ကလေးယူဖို့ မျှော်လင့်နေကြောင်း  PEOPLE မဂ္ဂဇင်းက နိုဝင်ဘာလထဲမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။ Cheryl က ကိုယ်ဝန်ဆောင်ထားတဲ့အကြောင်းကို ဖေဖော်ဝါရီလမတိုင်ခင်အထိ တရားဝင် မကြေညာခဲ့ပေမယ့် ၂၀၁၆ ခုနှစ်နှောင်ပိုင်းမှာ အခမ်းအနားအချို့ကိုတော့ ကိုယ်ဝန်လွယ်ရင်း တက်ရောက်ခဲ့ပါတယ်။
One Direction အဖွဲ့ဝင်ဟောင်း က ၂၀၁၀ ခုနှစ်တုန်းက The X-Factor ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်းနှင့် Payne နှင့် Cheryl တို့ စတွေ့ခဲ့တာဖြစ်ပေမယ့် မနှစ်ကမှ စတွဲကြတာဖြစ်ပါတယ်။ အဲ့ဒီတုန်းက Cheryl က ပြိုင်ပွဲမှာ ဒိုင်လူကြီးလုပ်ခဲ့တာဖြစ်ပါတယ်။
သူတို့စုံတွဲက မေလမှာ ပဲရစ်မြို့မှာ ကျင်းပတဲ့ Eva Longoria ရဲ့ Global Gift Gala ကို ပထမဆုံး စုံတွဲတက်ခဲ့တာဖြစ်ပြီး Cheryl က Global Gift Philanthropist Award ဆုရရှိခဲ့ပါတယ်။
“ကျွန်တော်က တစ်လောကလုံးမှာ အလှဆုံး မိန်းကလေးကို ရထားတာပါ။ သူက တကယ့်ကို အံ့ဖွယ်ပါပဲ။ ငယ်ငယ်ကတည်းက သူက ကျွန်တော့် အိပ်မက်ထဲက မိန်းကလေးပါ။ သူက တကယ်ကို တော်ပါတယ်” လို့ Payne က U.K.’s Rollacoaster မဂ္ဂဇင်းကို မတ်လထဲမှာ ပြောပြခဲ့ပါတယ်။

“သူက ထူးခြားတဲ့ သူပါ။ ကျွန်တော့်ထက် ကြီးကျယ်တဲ့ ခြေလှမ်းတွေကို လျှောက်လှမ်းခဲ့ပြီး အကြောင်းအရာတွေအများကြီးကို နားလည်တဲ့သူတစ်ယောက်ကို ပိုင်ဆိုင်ရတာ မယုံနိုင်လောက်အောင်ပါပဲ။ သူက အခုဆိုရင် ဂီတလောကထဲရောက်နေတာ ၁၄ နှစ်တောင်ရှိပြီလေ” လို့ Payne က ဆက်ပြောပါတယ်။
ကိုယ်ဝန်ဆောင်ထားတဲ့ ဓာတ်ပုံတွေကို L’Oreal နှင့် The Prince’s Trust အတွက် ရိုက်ကူးပြီး The Daily Mirror ထဲမှာ ပထမဆုံး ဖော်ပြခဲ့တဲ့ Cheryl အကြောင်းကို အဆိုတော်က “သူက ကျွန်တော့်ကို အပြည့်အဝ ထောက်ပံ့ပေးပါတယ်။ ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ ကျွန်တော်တို့အတွက် ပုဂ္ဂိုလ်ရေးဆန်ပြီး အရမ်းအဖိုးတန်တဲ့ အချိန်တွေဖြစ်ပါတယ်။ ကျွန်တော်က သင်ယူနေတုန်းပါပဲ။ ကျွန်တော့်အသက်က ၂၃ နှစ်ပဲရှိသေးတယ်လေ” လို့ ပြောပြထားပါတယ်။

RII

#celebrity.thithtoolwin.com

Ref: EW