Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , PARTYNEXTDOOR နှင့်အတူ သီချင်းအသစ်ထွက်မည့် Zayn Malik

PARTYNEXTDOOR နှင့်အတူ သီချင်းအသစ်ထွက်မည့် Zayn Malik

| No comment

Zayn Malik က “Still Got Time” လို့အမည်ရတဲ့ သီချင်းသစ်ကို သီချင်းရဲ့
cover ဓာတ်ပုံလို့ထင်ရတဲ့ ပုံတစ်ပုံနှင့်အတူ အင်္ဂါနေ့က Instagram
မှာကြေညာခဲ့ပါတယ်။ နောက်မကြာခင်မှာ သီချင်းရဲ့ အပိုင်းအစလေးကို Twitter
မှာတင်ခဲ့ပါတယ်။

ဓာတ်ပုံထဲမှာ သီချင်းကို PARTYNEXTDOOR က အတူသီဆိုပေးထားကြောင်း
ဖော်ပြထားပါတယ်။ ဒီသီချင်းဟာ Taylor Swift နှင့်အတူသီဆိုထားတဲ့ 50 Shades
Darker ဇာတ်ဝင်သီချင်းဖြစ်တဲ့ “I Don’t Wanna Live Forever” သီချင်း
ဇန်နဝါရီလထဲမှာ ထွက်ရှိပြီးနောက်ပိုင်း ပထမဆုံးထွက်ရှိလာမည့် Malik ရဲ့
သီချင်းသစ်ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ One Direction အဖွဲ့ထဲက ထွက်လာခဲ့ပြီးနောက်ပိုင်း Malik က
တစ်ကိုယ်တော်တေးသံရှင်အဖြစ်လှုပ်ရှားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ “PILLOWTALK”
နှင့် “LIKE I WOULD” သီချင်းတွေပါဝင်တဲ့ ပွဲဦးထွက် အယ်လ်ဘမ် “Mind Of
Mine” ထွက်ရှိခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ဟာ Billboard 200 မှာ နံပါတ် ၁
နေရာရရှိခဲ့ပါတယ်။

“Mind Of Mine” နှင့် “I Don’t Wanna Live Forever” သီချင်းတွေအပြင်
Malik က M.I.A. ရဲ့ ၂၀၁၆ ခုနှစ်ထွက် အယ်လ်ဘမ် AIM မှာပါဝင်တဲ့ “Freedun”
သီချင်းမှာလည်း ပါဝင်သီဆိုခဲ့ပါတယ်။
Malik က “Still Got Time” သီချင်း တရားဝင်ထွက်ရှိမည့် နေ့ရက်ကို
မကြေညာသေးပေမယ့် “သိပ်မကြာတော့ပါဘူး တကယ်ပြောတာပါ” လို့ Twitter
မှာရေးသားခဲ့ပါတယ်။

RII

#celebrity.thithtoolwin.com

Ref:EW