Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Ralph Breaks the Internet လို့အမည်ပေးလိုက်တဲ့ Disney ၏ Wreck-It Ralph 2

Ralph Breaks the Internet လို့အမည်ပေးလိုက်တဲ့ Disney ၏ Wreck-It Ralph 2

| No comment

၂၀၁၂ ခုနှစ်တုန်းက အော်စကာ ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ Wreck-It Ralph ကာတွန်းဇာတ်လမ်းရဲ့ ဒုတိယမြောက်ဇာတ်ကားအတွက် အမည်နှင့် ထွက်ရှိမည့် ရက်စွဲကို Disney က တရားဝင်ကြေညာလိုက်ပါပြီ။ Ralph Breaks the Internet: Wreck-It Ralph 2 ကို ၂၀၁၈ ခုနှစ် မတ်လ ၉ ရက်မှာ ရုံတင်ပြသမှာဖြစ်ကြောင်း အင်္ဂါနေ့က CinemaCon မှာကြေညာခဲ့ပါတယ်။

John C. Reilly (Ralph), Sarah Silverman (Vanellope von Schweetz), Jack McBrayer (Fix-It Felix), and Jane Lynch (Sergeant Calhoun) တို့က သူတို့ဇာတ်ကောင်တွေအတိုင်း ပြန်လည်ပါဝင်မှာဖြစ်ပါတယ်။ ပထမဇာတ်ကားကို ရိုက်ကူးခဲ့ပြီး Zootopia ဇာတ်ကားနှင့် အော်စကာရရှိခဲ့တဲ့ Rich Moore နှင့် တွဲဖက်ရေးသားသူ Phil Johnston တို့က Ralph Breaks the Internet: Wreck-It Ralph 2 ကို ရိုက်ကူးမှာဖြစ်ပြီး Clark Spencer က ထုတ်လုပ်မှာဖြစ်ပါတယ်။

“ကျွန်တော်တို့ ချစ်တဲ့ဇာတ်ကောင်တွေကို ကြီးမားတဲ့ အင်တာနက်လောကထဲကို ဝင်ရောက်စေတာက ကျွန်တော်တို့ကို ချဲ့ထွင်စရာတွေအများကြီး ရစေပါတယ်။ ကျွန်တော်တို့ ထုတ်လုပ်ရေးအဖွဲ့က ကျွန်တော်တို့အားလုံး သိပြီးသားလို့ထင်ထားတဲ့ အင်တာနက်ကို စိတ်ကူးဉာဏ်ကွန့်မြူပြီး ဆန်းသစ်တဲ့ လောကဖြစ်အောင် ကြိုးကြိုးစာစား ဒီဇိုင်းလုပ်နေကြပါတယ်” လို့ Moore က ပြောပါတယ်။
ဒီဇာတ်လမ်းမှာ ဇာတ်ကောင်သစ်တွေအများကြီး ပါဝင်လာပေမယ့် Ralph နှင့် Vanellope တို့ကြားက ဆက်ဆံရေးကိုပဲ အဓိကထားပြီး ပြသသွားမှာဖြစ်ကြောင်း Johnston က ပြောပါတယ်။

RII

#celebrity.thithtoolwin.com

Ref: EW