Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Saturday Night Live’ တီဗွီအစီအစဉ်မှာ တစ်ကိုယ်တော် ပွဲဦးထွက်ဖျော်ဖြေမည့် Harry Styles

Saturday Night Live’ တီဗွီအစီအစဉ်မှာ တစ်ကိုယ်တော် ပွဲဦးထွက်ဖျော်ဖြေမည့် Harry Styles

| No comment

မကြာခင်မှာ ထွက်တော့မည့် Harry Styles ရဲ့ တစ်ကိုယ်တော်ပွဲဦးထွက် သီချင်းအတွက် စိတ်လှုပ်ရှားနေပြီဆိုရင် ဒီထက်ပိုကြီးမားတဲ့ သတင်းအတွက် ပြင်ဆင်ထားလိုက်ပါဦး။ One Direction အဖွဲ့ဝင်ဟောင်းက သီချင်းအသစ်ကို ဧပြီလ ၁၅ ရက်မှာ ‘Saturday Night Live’ စင်မြင့်မှာ ဖျော်ဖြေမှာဖြစ်ပါတယ်။

Styles က ဧပြီလ ၇ ရက်မှာ ကြီးကြီးမားမားတစ်ခုခု လာတော့မယ်ဆိုတာ သဲလွန်စတွေချပေးနေပြီး အဲ့ဒါကတော့ သီချင်းအသစ်ဖြစ်ကြောင်း Billboard က သတင်းရရှိခဲ့ပါတယ်။ သတင်းထွက်ပြီး ၃ ရက်အကြာမှာပဲ သီချင်းထွက်ပြီး တစ်ပတ်နေရင် Styles က ဟာသပြဇာတ်တိုလေးတွေ တင်ဆက်လေ့ရှိတဲ့ ညပိုင်းရှိုးမှာ ဖျော်ဖြေမှာဖြစ်ကြောင်း SNL က Twitter  ကြေညာခဲ့ပါတယ်။ အဲ့ဒီညမှာတော့ Jimmy Fallon က တင်ဆက်သူအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။

SNL မှာ ဧည့်သည်အဖြစ်လာရောက် သီဆိုဖျော်ဖြေသူတွေကို သီချင်း ၂ ပုဒ်စာ အချိန်ပေးလေ့ရှိတဲ့အတွက် Styles က Ed Sheeran လုပ်ခဲ့သလိုပဲ ဧပြီလ ၇ ရက်မှာ သီချင်တစ်ပုဒ်မကဘဲ ၂ ပုဒ်ထွက်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာပါပဲ။ ကံကောင်းထောက်မစွာနဲ့ Styles ဘာတွေပြင်ဆင်ထားလဲဆိုတာကို သိရဖို့ သိပ်အကြာကြီးစောင့်စရာ မလိုတော့ပါဘူး။

RII

#celebrity.thithtoolwin.com

Ref: Billboard