ဖော်ရွေတဲ့ အိမ်နီချင်း Spider-Man က ဇာတ်ကားနမူနာသစ်ထဲမှာ ပြန်ရောက်လာပါပြီ။
Tom Holland က Marvel webslinger အဖြစ်ပါဝင်ထားတဲ့ Spider-Man: Homecoming ဇာတ်ကားနမူနာသစ်ကို Sony က ပရိသတ်တွေနှင့် မျှဝေပေးလိုက်ပါတယ်။ Robert Downey Jr. နှင့် Marisa Tomei တို့က Tony Stark နှင့် Aunt May အဖြစ် ကိုယ်စီပြန်လည်ပါဝင်ထားကြပြီး နောက်ထပ်ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Zendaya, Jacob Batalon, Laura Harrier, Donald Glover နှင့် Tony Revolori တို့ဖြစ်ပါတယ်။
ဇာတ်ကားနမူနာသစ်ထဲမှာ Michael Keaton ရဲ့ ဗီလိန်ဖြစ်တဲ့ Vulture တဖြစ်လဲ ကော်လာပြာ ကယ်ဆယ်ရေးလုပ်သား Adrian Toomes ကိုလည်း သေချာမြင်တွေ့လိုက်ရပါတယ်။ ဒီတစ်ပတ်အစောပိုင်းမှာ Keaton က သူ့ရဲ့ အတောင်ပံပါ ဒုစရိုက်သမားအကြောင်းကို စူပါဟီးရိုးတွေရဲ့ တိုက်ပွဲအပြီးမှာ ကျန်ခဲ့တဲ့ ဂြိုဟ်သားနည်းပညာအစအနတွေကို အမှိုက်ထဲက ရွှေရှာသလို စုဆောင်းပြီး အဆင့်မြင့် လက်နက်တည်ဆောက်သူအဖြစ် USA Today ကို ပုံဖော်ပြခဲ့ပါတယ်။
အရင်တုန်းက Marvel ရဲ့ ပိတ်ကားပေါ်က ဗီလိန်တွေဖြစ်တဲ့ လူသတ်မှုကျူးလွန်တဲ့ စက်ရုပ်တွေ၊ Asgardian နတ်ဘုရား နှင့် ကွန်ပြူတာသုံး Toby Jones တို့နှင့်မတူဘဲ Toomes ကတော့ သာမန် နယူးယော့မြို့သားတစ်ယောက်ပါ။ Tony Stark က သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ထိခိုက်လာတဲ့အခါမှာတော့ သူ့ကိုယ်သူ “the dark Tony Stark” အဖြစ် နေရာယူလိုက်ပြီး သူ့ရဲ့နည်းပညာဆိုရင်ရာ အရည်အချင်းတွေကို ယုတ်ညံ့တဲ့ ရည်ရွယ်ချက်အတွက် အသုံးချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ (Bokeem Woodbine နှင့် Michael Chernus တို့က အဖွဲ့သား the Shocker နှင့် the Tinkerer အဖြစ်ပါဝင်ထားပါတယ်။)
“Stark လို ချမ်းသာပြီး အာဏာရှိတဲ့သူတွေက ငါတို့ကို ဂရုမစိုက်ဘူးကွ။ ငါ့ကို ပြဿနာလာမရှာနဲ့ မင်းနဲ့ မင်းချစ်တဲ့သူတွေအားလုံးကို သတ်ပစ်လိုက်မယ်” လို့ သူက ဇာတ်ကားနမူနာသစ်ထဲမှာ သတိပေးထားပါတယ်။
“တစ်ချို့လူတွေက သူတို့ကိုယ်သူတို့ မတရားခံရတဲ့သူတွေအဖြစ် မြင်ကြတယ်။ သူကလည်း သူ့ကိုယ်သူ အဲ့ဒီလိုပဲမြင်တယ်။ သူဘယ်တုန်းကမှ မျှတတဲ့ အခွင့်အရေးမရခဲ့ဘူးလို့ ငြင်းချက်ထုတ်လိမ့်မယ်ထင်တယ်။ ‘ငါ့ကျတော့ ဘာလို့ ဒီလိုမဖြစ်တာလဲ?’ တို့ ‘ငါ့အခွင့်အရေးက ဘယ်မှာလဲ?’ တို့ ဆိုတာမျိုးတွေပေါ့” လို့ Keaton က USA Today ကို ပြောပြခဲ့ပါတယ်။
Spider-Man: Homecoming ဇာတ်ကား ကို ဒါရိုက်တာ Jon Watts က ရိုက်ကူးထားပြီး ဇူလိုင်လ ၇ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
RII
#celebrity.thithtoolwin.com
Ref: EW