Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Spider-Man ဇာတ်လမ်းမှ ခွဲထွက်လာသော Venom ဇာတ်ကား ၂၀၁၈ ခုနှစ်တွင် ထွက်ရှိမည်

Spider-Man ဇာတ်လမ်းမှ ခွဲထွက်လာသော Venom ဇာတ်ကား ၂၀၁၈ ခုနှစ်တွင် ထွက်ရှိမည်

| No comment

Aquaman ဇာတ်ကားရဲ့ ခရစ်စမတ်ရက်ရွှေ့လိုက်တာကြောင့် တခြား ရုပ်ပြစာအုပ်ထဲက ဇာတ်ကောင်အတွက် အတော်ပဲဖြစ်သွားပါတယ်။

Warner Bros. က Aquaman ဇာတ်ကားကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်ကို ရွှေ့လိုက်တဲ့အတွက် Sony က အခွင့်ကောင်းယူပြီး လွတ်သွားတဲ့ ရက်စွဲ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၅ ရက်မှာ Venom ဇာတ်ကားကို အမြန်ထည့်လိုက်ကြောင်း EW က သတင်းရရှိခဲ့ပါတယ်။

 Sony ရဲ့ နောက်ဆုံးပေါ် Spider-Man ဇာတ်လမ်းဖြစ်တဲ့ Spider-Man: Homecoming ကို ရုံတင်ပြသမည့် ဇူလိုင် ၇ ရက်မတိုင်ခင် လအနည်းငယ်အလိုမှာ ဒီလိုလုပ်လိုက်တာဖြစ်ပါတယ်။ ဒါကတော့ Marvel ဗီလိန်အတွက် ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ခဲ့တာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။

 Sam Raimi ရဲ့ Spider-Man 3 ဇာတ်ကားထဲမှာ Topher Grace က Peter Parker (Tobey Maguire) ရဲ့ ပြိုင်ဖက် ဓာတ်ပုံဆရာ Eddie Brock အဖြစ်ပါဝင်ခဲ့ပြီး မကြာခင်မှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ပြီး Venom ဖြစ်လာခဲ့ပါတယ်။ Venom ဇာတ်ကားကို ဗီလိန်အဖွဲ့ Sinister Six နှင့်အတူ ၂၀၁၃ ခုနှစ်ကတည်းက ကြေညာခဲ့တာဖြစ်ပေမယ့် The Amazing Spider-Man 2 ရဲ့ ကျရှုံးမှုကြောင့် ရပ်တန့်သွားခဲ့ရတာဖြစ်ပါတယ်။


 RII

 #celebrity.thithtoolwin.com

 REF: EW