Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , အလယ်တန်းကျောင်းတစ်ခုကို သွားရောက်ပြီး Surprise ပြုလုပ်ပေးခဲ့တဲ့ BTS အဖွဲ့

အလယ်တန်းကျောင်းတစ်ခုကို သွားရောက်ပြီး Surprise ပြုလုပ်ပေးခဲ့တဲ့ BTS အဖွဲ့

| No comment


BTS အဖွဲ့က SK Telecom နှင့်ပူးပေါင်းပြီး “School Attack” အခမ်းအနားပြုလုပ်ဖို့အတွက် ဆိုးလ်မြို့မှာရှိတဲ့ Sam Jeong အလယ်တန်းကျောင်းကို မတ်လ ၆ ရက်က သွားရောက်ခဲ့ပါတယ်။

BTS အဖွဲ့က ကျောင်းသားတွေကို စာသင်နှစ်သစ်အတွက် ဂုဏ်ပြုစကားပြောကြားပြီး ပွဲကျင်းပနေစဉ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲမှာ အနိုင်ရတဲ့ကျောင်းသား/သူတွေကို လက်မှတ်ထိုးထားတဲ့ CD တွေလက်ဆောင်ပေးခဲ့ပါတယ်။ ကျောင်းသားတွေနှင့်လည်း အဖွဲ့လိုက် အမှတ်တရဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။


ကျောင်းသားတစ်ယောက်က “T-World ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တာ အနိုင်ရမယ်လို့ မထင်ထားဘူး။ နိုင်တော့လည်း ပျော်တာပေါ့။ ဒီနေ့အတွက် ကံကောင်းခြင်းတွေအားလုံးကို အကုန်သုံးလိုက်မိပြီထင်တယ်” လို့ ပြောပြခဲ့ပါတယ်။

တခြားကျောင်းသားတစ်ယောက်ကလည်း “BTS အဖွဲ့က comeback လှုပ်ရှားမှုတွေ မြန်မြန်ပြီးသွားလို့ စိတ်မကောင်ဖြစ်နေတာ ဒါပေမယ့် ဒီနေ့ပွဲကြောင့် အဲ့ဒါတွေအကုန် ပျောက်သွားပြီး” လို့ ပြောပြခဲ့ပါတယ်။


BTS အဖွဲ့က “Wings” ကမ္ဘာလှည့်ဖျော်ဖြေပွဲကို မတ်လ ၁၂ ရက်မှာ Santiago, Chile မှာ စတင်မှာဖြစ်ပြီး ဇူလိုင်လမှာ ဂျပန်နိုင်ငံမှာ အဆုံးသတ်မှာဖြစ်ပါတယ်။ BTS အဖွဲ့က လှုပ်ရှားမှုတွေ မြန်မြန်ပြီးသွားတယ်လို့ ခံစားနေရတဲ့သူတွေအတွက် “Spring Day” သီချင်းအတွက် အကလေ့ကျင့်တဲ့ ဗီဒီယိုကိုလည်း ထုတ်ပေးခဲ့ပါတယ်။


RII

#celebrity.thithtoolwin.com

Src : Soompi