Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဇာတ်လမ်းတွဲအသစ်အတွက် ရိုက်ကူးရေးလုပ်နေတဲ့ Suzy နှင့် Lee Jong Suk

ဇာတ်လမ်းတွဲအသစ်အတွက် ရိုက်ကူးရေးလုပ်နေတဲ့ Suzy နှင့် Lee Jong Suk

| No comment
Suzy နှင့် Lee Jong Suk တို့နှစ်ယောက်ကတော့ ဇာတ်လမ်းတွဲသစ် “While You
Were Asleep” အတွက် စမတ်ကျတဲ့ စုံတွဲပုံစံပေါ်နေတာ အသေအချာပါပဲ။
လတ်တလောမှာ ပရိသတ်တွေနှင့် လမ်းသွားလမ်းလာတွေက သူတို့နှစ်ယောက် Ansan,
Gyeonggi Province မှာ ရိုက်ကူးရေးလုပ်နေတာကို တွေ့ခဲ့ရပြီး
ဓာတ်ပုံတွေကို လူမှုကွန်ယက်တွေမှာ မျှဝေခဲ့ပါတယ်။

ကော်ဖီဆိုင်ထဲမှာထိုင်ရင်း Suzy က Lee Jong Suk ဆံပင်ကို သပ်ပေးနေပြီး
သူကိုယ်တိုင်ကလည်း ဆံပင်အတိုပုံစံသစ်နှင့်ဖြစ်ပါတယ်။ Lee Jong Suk ကတော့
အနောက်တိုင်းဝတ်စုံနှင့် လည်စည်းကို ဝတ်ဆင်ထားကာ စတိုင်ကျနေပြီး
ဆံပင်ကိုတော့ ခါတိုင်နှင့်မတူအောင် ခွဲကြောင်းပြောင်းထားပါတယ်။
သရုပ်ဆောင်တွေထဲက အဲ့ဒီမြို့ထဲက တရားရုံးမှာလည်း
ရိုက်ကူးရေးလုပ်ခဲ့ကြပါတယ်။

“While You Were Asleep” ဇာတ်လမ်းတွဲက အနာဂတ်မှာ ဖြစ်ပွားလာမည့်
ဖြစ်ရပ်တွေနှင့် မတော်တဆမှုတွေကို အိပ်မက်ထဲမှာ မြင်ရတဲ့
မိန်းကလေးတစ်ယောက်နှင့် အဲ့ဒီအိပ်မက်တွေ အမှန်ဖြစ်မလာအောင်
ကြိုးစားပမ်းစားလိုက်တားဆီးနေတဲ့ အစိုးရရှေ့နေတစ်ယောက်အကြောင်းကို
ရိုက်ကူးထားတာဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Ref:Soompi