Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , The Matrix ဇာတ်ကားကို ပြန်လည်ထုတ်လုပ်ဖို့ စီစဉ်နေတဲ့ Warner Bros

The Matrix ဇာတ်ကားကို ပြန်လည်ထုတ်လုပ်ဖို့ စီစဉ်နေတဲ့ Warner Bros

| No comment



 Warner Bros ထုတ်လုပ်ရေးဟာ စိတ်ကူးယာဉ်သိပ္ပံဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ The Matrix ဇာတ်ကားကို ပြန်လည် ထုတ်လုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။Hollywood Reporter ရဲ့ ဇာတ်ညွှန်းရေးဆရာ Zak Penn ကို မှီးငြမ်းထားတဲ့ သတင်းတစ်ရပ်အရ  နောက်ထပ် ဇာတ်လမ်းတစ်ခုကို ထပ်မံရေးသားဖို့အတွက် Warner Bros က စီစဉ်နေကြောင်း ဆိုခဲ့တာပါ။

အဲ့ဒီအပြင် ဒီဇာတ်ကားဟာ ပြန်လည်အသက်သွင်းမယ့် ဇာတ်ကားမျိုးဖြစ်မှာ မဟုတ်ပဲ Lucasfilm ရဲ့ Star Wars လို Stories အကွဲတွေနဲ့ ထပ်မံထွက်လာမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဇာတ်ကားမှာ မော်ဖီးစ် နဲ့ ထရီနတီတို့လိုဇာတ်ကောင်တွေကို ပြန်လည် တွေ့မြင်ရဖို့လည်း ရှိနေတာပါ။

ဒါပေမယ့် Warner Bros ကတော့ တစ်စုံတစ်ရာပြောကြားခဲ့ခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက ဒီဇာတ်ကားမှာ နီယိုအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Keanu Reeves က သူ့အနေနဲ့ ဇာတ်လမ်းအချို့မှာ ပြန်လည်သရုပ်ဆောင်ဖို့ရှိပေမယ့် ကန့်သတ်အနေအထား တစ်ရပ်မှာသာရှိသေးကြောင်း သဆိုခဲ့ပါတယ်။

The Matrix ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ The Matrix (1999), The Matrix Reloaded (2003) နဲ့ 2003 ခုနှစ်ထဲမှာပဲ ထွက်ခဲ့တဲ့ The Matrix Revolutions ဇာတ်ကားတွေဟာ အောင်မြင်မှုကြီးမားခဲ့ပြီး တစ်ကမ္ဘာလုံးဝင်ငွေ ဒေါ်လာ တစ်ဘီလီယံကျော်ရရှိခဲ့တာပါ။ 

U Min Thant

#celebrity.thithtoolwin.com
Ref: Gizmodo