Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Wonder Woman ရဲ့ငယ်ဘဝကိုပြသထားတဲ့ ဇာတ်ကားနမူနာသစ်ထွက်ရှိ

Wonder Woman ရဲ့ငယ်ဘဝကိုပြသထားတဲ့ ဇာတ်ကားနမူနာသစ်ထွက်ရှိ

| No comment




“ငါဟာ Hippolyta ရဲ့ သမီးတော်၊ Themyscira က Diana ဖြစ်တယ်။ ကောင်းမှုတွေအားလုံးရဲ့ အမည်ခံကြောင့် ဒီကမ္ဘာအပေါ်သက်ရောက်နေတဲ့ သင့်ရဲ့ အမျက်ဒေါသဟာ ပြီးဆုံးသွားပါပြီ” လို့ နောက်ဆုံးထွက်ရှိလာတဲ့ Wonder Woman ဇာတ်ကားနမူနာသစ်ထဲမှာ Gal Gadot က အောင်မြင်မှုကို ကြေညာထားပါတယ်။

 စနေနေ့ညက Nickelodeon’s Kids’ Choice Awards ဆုပေးပွဲကို တွဲဖက်သရုပ်ဆောင် Chris Pine နှင့်အတူ တက်ရောက်ခဲ့ပြီးနောက် ဒီနမူနာကို Twitter မှာတင်ခဲ့တာဖြစ်ပါတယ်။



သောကြာနေ့က ရင်သပ်ရှုမောဖွယ် ပိုစတာထွက်ရှိလာခဲ့ပြီးနောက်မှာ ဒီထက်ပိုကြီးမားတဲ့ အံ့အာသင့်စရာကောင်းတာတွေ လာဦးမယ်ဆိုပြီး ကတိပေးထားခဲ့တာကတော့ ဒီဇာတ်ကောင်အတွက် ပထမဦးဆုံးတစ်ကိုယ်တော်ရုပ်ရှင်ရဲ့ တကြွကြွ တရွရွဖြစ်စေမယ့် ဇာတ်ကွက်သစ်တွေပါပဲ။



Wonder Woman ဇာတ်ကားနမူနာသစ်ထဲမှာ Diana ငယ်ဘဝက Amazons တွေနှင့်အတူ လေ့လာသင်ယူနေတဲ့ ဇာတ်ဝင်ခန်းသစ်အပါအဝင် အများကြီးဖော်ပြထားပါတယ်။ သူရဲ့ အဒေါ်ဖြစ်သူ စစ်သည်တော်အဖြစ် သရုပ်ဆောင်တဲ့ Robin Wright က တိုက်ပွဲဆိုတာ အမြဲတမ်း တရားမျှတတာမျိုးမဟုတ်ဘူးဆိုတာကို သင်ကြားပေးနေတုန်း သူ့ရဲ့ ဆန်းကြယ်လှတဲ့ လက်ပတ်က အစွမ်းပြလာပါတော့တယ်။
 


Patty Jenkins ရိုက်ကူးထားတဲ့ Wonder Woman ဇာတ်ကားတွင် ပထမကမ္ဘာစစ်အတွင်းမှာ လေယာဉ်ပျက်ကျပြီး ကျွန်းပေါ်ကို ရောက်လာတဲ့ အမေရိကန်လူမျိုး လေယာဉ်မှူး  Steve Trevor (Pine) နှင့် Diana တွေ့ဆုံပုံကို သရုပ်ဖော်ထားပါတယ်။ God of War ဖြစ်တဲ့ Ares က စတင်လိုက်တဲ့ “စစ်ပွဲတွေအားလုံးကို အဆုံးသတ်စေမည့် စစ်ပွဲကို” တားဆီးဖို့အတွက် သူကိုယ်တိုင် “အကျည်းတန်လိုက်တာ” လို့ မှတ်ချက်ချထားတဲ့ လန်ဒန်မြို့သို့ ခရီးစတင်ထွက်လာခဲ့တာဖြစ်ပါတယ်။


Connie Nielsen, David Thewlis, Lucy Davis နှင့် Danny Huston တို့လည်းပါဝင် သရုပ်ဆောင်ထားတဲ့ Wonder Woman ဇာတ်ကားကို ဇွန်လ ၂ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။





RII

#celebrity.thithtoolwin.com

Ref : EW