Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သမီးလေး မွေးဖွားလိုက်တဲ့ Wonder Woman မင်းသမီး Gal Gadot

သမီးလေး မွေးဖွားလိုက်တဲ့ Wonder Woman မင်းသမီး Gal Gadot

| No comment

Wonder Woman အသစ်လေးတစ်ယောက် ရောက်လာပါပြီ! Gal Gadot က ဒုတိယမြောက်သမီးလေး Maya ကို မွေးဖွားလိုက်ပြီဖြစ်ကြောင်း တနင်္လာနေ့က Instagram မှတဆင့် အတည်ပြုလိုက်ပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ Gadot က သူမ၊ ခင်ပွန်း Yaron Versano နှင့် ၂၀၁၁ ခုနှစ်က မွေးဖွားခဲ့တဲ့ သမီးလေး Alma တို့ရဲ့ အဖြူအမည်းဓာတ်ပုံကို “၄ ယောက်ဖြစ်သွားပါပြီ… Maya ရောက်လာပြီလေ။ ကျွန်မ အပြည့်အဝ ကံကောင်းတယ်လို့ ခံစားရပါတယ်။ ကျွန်မဘဝထဲက Wonders တွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်” လို့ ရေးသားပြီး တင်ခဲ့ပါတယ်။



နောက်ကျောကနေ ရိုက်ထားတဲ့ ဒီဓာတ်ပုံထဲမှာ မိသားစုက ဆေးရုံကဆင်းလာတဲ့ပုံဖြစ်ပုံရပြီး Alma က ညီမလေးရဲ့ ကလေးတွန်းလှည်းကို
တွန်းလာပါတယ်။

သမီးနှစ်ယောက်မိခင်က အင်္ဂါနေ့က Wonder Woman တီရှပ်ကို ဝတ်ဆင်ထားတဲ့ပုံကို “ဒီနေ့ ကိုယ်ပိုင်အချိန်လေးရလို့ ကြည်လင်နေတဲ့ အပြာရောင်ကောင်းကင်ကြီးကို ပြတင်းပေါက်ကို ကြည့်လိုက်မိရင်း ကိုယ်ဝန်လွယ်ထားတာ ၉ လရှိပြီဆိုတာ
သဘောပေါက်လိုက်တယ်။ မကြာခင်မှာ မိသားစုဝင်သစ်လေး ရောက်လာတော့မယ်။ အနန္တစကြာဝဠာကြီးကို အတိုင်းထက်လွန် ကျေးဇူတင်ပါတယ်။ အားလုံးကို မေတ္တာပို့သလိုက်ပါတယ်”  လို့ အစ္စရေးလူမျိုး မော်ဒယ်နှင့် သရုပ်ဆောင် Instagram မှာရေးသားခဲ့ပါတယ်။

A post shared by Gal Gadot (@gal_gadot) on


Gadot က ဒုတိယမြောက် ကိုယ်ဝန်ဆောင်ထားတဲ့အကြောင်းကို “ဒီသတင်းကို အားလုံးနှင့်မျှဝေဖို့ စိတ်လှုပ်ရှားမိပါတယ်။ ဒုတိယအကြိမ်
မိခင်ဖြစ်ပါတော့မယ်” လို့ နိုဝင်ဘာလတုန်းက Instagram မှာရေးသားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီကတည်းက ဇန်နဝါရီလက ကျင်းပခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲအပါအဝင် အခန်းအနားများစွာကို ကိုယ်ဝန်နှင့် တက်ရောက်ခဲ့ပါတယ်။
“ကော်ဇောနီပေါ်လျှောက်ဖို့ အဆင့်သင့်ဖြစ်အောင် ပြင်ဆင်ပေးတဲ့ @muglerofficial နှင့် @tiffanyandco တို့ကို ကျေးဇူးတင်ပါတယ်” လို့ တောက်ပနေတဲ့ ဂါဝန်ကို ဝတ်ဆင်ထားတဲ့ဓာတ်ပုံကို Instagram မှာတင်ပြီး ရေးသားခဲ့ပါတယ်။


RII

#celebrity.thithtoolwin.com

Ref : EW