Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Wonder Woman ဇာတ်ကားကို PG-13 အဖြစ်သတ်မှတ်

Wonder Woman ဇာတ်ကားကို PG-13 အဖြစ်သတ်မှတ်

| No comment

The MPAA က Wonder Woman ဇာတ်ကား အတွက် rating ကို
တရားဝင်ကြေညာလိုက်ပါပြီ။ “ကြမ်းတမ်းတဲ့ တိုက်ခိုက်မှု ဇာတ်ဝင်ခန်းတွေ၊
အရိပ်အမြွက်ပေးတဲ့ အကြောင်းအရာအချို့ကြောင့်” Warner Bros. Pictures
နှင့် DC Entertainment ကို PG-13 အဖြစ်သတ်မှတ်လိုက်ပါတယ်။
လတ်တလောထွက်ရှိထားတဲ့ ရုပ်ပြစာအုပ် ဇာတ်လမ်းတွေအရတော့ Suicide Squad
နှင့် Doctor Strange တို့ရဲ့ rating တွေနှင့် တူပေမယ့် Logan လို့ R
rating ပေးရလောက်တဲ့ အထိတော့ အစွန်းမရောက်ပါဘူး။

Wonder Woman ဇာတ်ကားမှာ ပါဝင်တဲ့သူတွေကတော့ Gal Gadot (Batman v
Superman: Dawn of Justice) ၊ Chris Pine (Star Trek) ၊ Robin Wright
(The Girl with the Dragon Tattoo.  Netflix’s “House of Cards”) ၊ Danny
Huston (Clash of the Titans, X-Men Origins: Wolverine) ၊ Ewen Bremner
(Exodus: Gods and Kings, Snowpiercer) ၊ Saïd Taghmaoui (American
Hustle) ၊ Elena Anaya (The Skin I Live In) ၊ Connie Nielsen
(Gladiator, Nymphomaniac: Vol 1) နှင့် Lucy Davis (Shaun of the Dead)
တို့ဖြစ်ပါတယ်။

ဒါရိုက်တာ Patty Jenkins ကရိုက်ကူးပြီး Charles Roven၊ Zack Synder၊
DebroahSynderတို့ထုတ်လုပ်ပြီး Richard Suckle၊ Stephen Jones၊ Wesley
Coller၊ Geoff Johns နှင့် Rebecca Roven တို့က
စီမံခန့်ခွဲထုတ်လုပ်ပါတယ်။
Wonder Woman ဇာတ်ကားပြီးနောက် Gadotအတွက် Diana Prince အဖြစ်နောက်ထပ်
သရုပ်ဆောင်ရမည့် ဇာတ်ကားကတော့ ထုတ်လုပ်ရေးပိုင်းလုပ်နေပြီဖြစ်တဲ့ Justice
League ပဲဖြစ်ပါတယ်။ သူမက Ben Affleck၊ Henry Cavill၊ Ezra Miller၊ Ray
Fisher နှင့် Jason Momoaတို့နှင့်အတူ Zack
Synderရိုက်ကူမည့်ဇာတ်ကားမှာပါဝင်ရမှာပါ။

Wonder Woman ဇာတ်ကားကို ၂၀၁၇ ခုနှစ် ဇွန်လ ၂ ရက် မှာပြသမှာဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Man of Steel ၊ ပြီးခဲ့တဲ့က
ထွက်ရှိခဲ့တဲ့ Batman v Superman: Dawn of Justice နှင့် Suicide Squad
တို့ပြီးနောက် အသစ်စတင်လိုက်တဲ့ DC Cinematic Universe ရဲ့ ၄ ကားမြောက်
ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားနောက်မှာတော့ အားလုံးစောင့်မျှော်နေတဲ့
Justice League က ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်မှာ
ထွက်ရှိလာမှာဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Ref: Coomingsoon