Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Wreck-It Ralph Sequel ရဲ့ Sequel ဇာတ်ကားနာမည်ထွက်လာ

Wreck-It Ralph Sequel ရဲ့ Sequel ဇာတ်ကားနာမည်ထွက်လာ

| No comment


ပြီးခဲ့တဲ့နှစ်တုန်းက Disney ဟာ Wreck-It Ralph ရဲ့ Sequel ကို ၂၀၁၈ခုနှစ်မှာ ထုတ်လုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ Ralph ဟာ ဗီဒီယိုဂိမ်းတွေသာမက အင်တာနက်ကိုပါ ချိုးဖျက်သွားဖို့ရှိနေကြောင်း ဆိုခဲ့ပါတယ်။ CinemaCon ရဲ့ အင်္ဂါနေ့က ကြေညာချက်အရ ဇာတ်ကားအတွက် မတူထူးခြားပြီး ရှည်လျားတဲ့ နာမည်တစ်မျိုးကို ပေးထားကြောင်းလည်း သိရပါတယ်။


နာမည်ကိုတော့ Ralph Breaks The Internet: Wreck-It Ralph 2 ဆိုပြီးပဲ ဖြစ်ပါတယ်။ ဒီအတွက် ဗီဒီယိုတစ်ခုကိုလည်း Disney Animation က Twitter မှာ တင်ထားခဲ့ပါသေးတယ်။  Breaks The Internet ဆိုတဲ့နာမည်အပေါ် ပြီးခဲ့တဲ့နှစ်တုန်းက “Break The Internet” ဆုရရှိခဲ့တဲ့ Kim Kardashian ရရှိခဲ့တာကြောင့် Kim Name လို့ မီဒီယာတွေက လှောင်ပြောင်ခဲ့ကြပါတယ်။

ဇာတ်ကားကို နောက်နှစ် မတ်လ ၉ရက်နေ့မှာ ရုံတင်မှာဖြစ်ပြီး ဇာတ်ကားနာမည်ကတော့ ရှည်လျားတာ အမှန်ပါပဲ၊ 

U Min Thant

#celebrity.thithtoolwin.com

Ref: The Verge