Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , 2PM အဖွဲ့ဝင် Taecyeon ပြောပြတဲ့ ဝိတ်လျှော့နည်း

2PM အဖွဲ့ဝင် Taecyeon ပြောပြတဲ့ ဝိတ်လျှော့နည်း

| No comment

2PM အဖွဲ့ဝင် Taecyeon က လတ်တလောမှာ ဝိတ်လျှော့နေတဲ့အကြောင်း SBS Power FM 'Choi Hwa Jung's Power Time' အစီအစဉ်မှာ ပြောပြခဲ့ပါတယ်။
Choi Hwa Jung က “မျက်နှာလေး မြင်ရတာ လန်းနေတယ်” လို့မှတ်ချက်ချတော့ အဆိုတော်က “ကျွန်တော် အခုတလော ဝိတ်ချနေတယ်” လို့ ပြန်ဖြေပါတယ်။

Choi Hwa Jung က “ကျွန်မက Taecyeon ကို ကောင်းကောင်းသိပါတယ်။ အများကြီး စားတတ်တယ်လေ။ အဲ့ဒါကြောင့် အသက်ငယ်သေးလို့များလားလို့ တွေးမိတယ်။ ဒါတင်မကသေးဘူး ဝိတ်ချတာလည်း ကျွမ်းကျင်သေးတယ်။ အချိန်တန်လာပြီဆိုရင်လည်း စားတာသောက်တာ ချက်ချင်းရပ်လိုက်ရော” လို့ ပြောပါတယ်။
ဒါကိုကြားတော့ Taecyeon က “ကျွန်တော်က ကြက်ရင်အုံသား၊ ကန်စွန်းဥ၊ ကြက်ဥပြုတ်၊ ငှက်ပျောသီးတို့လို သတ်မှတ်ထားတဲ့ စားသောက်ဖွယ်စာရင်းထဲမှာ ပါတာတွေကိုပဲ စားတာပါ” လို့ ပြန်ဖြေပါတယ်။

ရေဒီယို အစီအစဉ်တင်ဆက်သူက “'House of the Disappeared' ဇာတ်ကားရိုက်တုန်းက တစ်ချိန်လုံး ရေချည်းပဲသောက်တယ်လို့လည်း ကြားမိတယ်” လို့ထောက်ပြတော့
“ကျွန်တော်က ဝိတ်ချတဲ့အချိန်ကို တိုတိုနဲ့ မြန်မြန်ပြီးစေချင်လို့ ကြားထဲမှာ မဟုတ်တာမလုပ်ဘူးလို့ ဆုံးဖြတ်ထားတာပါ” လို့ ရှင်းပြပါတယ်။
ဒီတော့ Choi Hwa Jung က “ပုံမှန်ထက် လျှော့စားလို့ရတာပဲ” လို့ပြောတော့ “အဲ့ဒီလို လုပ်လို့မရပါဘူး” လို့ ရယ်မောပြီးပြောပါတယ်။

RII

#celebrity.thithtoolwin.com

Ref: Allkpop