Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Avengers: Infinity War ရိုက်ကွင်းပေါ်မှာတွေ့ရတဲ့ Stan Lee

Avengers: Infinity War ရိုက်ကွင်းပေါ်မှာတွေ့ရတဲ့ Stan Lee

| No comment

Avengers: Infinity War ရိုက်ကူးရေးကို ဆက်လက်လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်က ရိုက်ကွင်းကို အထူးဧည့်သည်တော်တစ်ယောက် ရောက်ရှိလာပါတယ်။ သူကတော့ တခြားသူမဟုတ်ပါဘူး  Stan Lee ပါပဲ။ Lee ဟာ မနှစ်က အတ္တလန်တာမြို့မှာ ဇာတ်ကားသစ် ၄ ကားအတွက် မတူညီတဲ့ ဧည့်သည်သရုပ်ဆောင်ပါဝင်မှု ၄ ခုလုပ်ခဲ့ကြောင်း အရင်ကတည်း သတင်းပို့ချက်တွေ ထွက်ပြီးသားပါ။ 

ဒါကြောင့် ဒီတစ်ခါကတော့ အလည်သက်သက်လား၊ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ဖို့လား ဆိုတာကတော့ စောင်ကြည့်ရမှာပါ။ Captain America: The Winter Soldier နှင့် Captain America: Civil War တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Anthony နှင့် Joe Russo တို့က Avengers: Infinity War နှင့် အမည်မပေးရသေးတဲ့ ၄ ကားမြောက်ဇာတ်ကားကို အတ္တလန်တာမြို့မှာ တစ်ပြိုင်တည်း ရိုက်ကူးမှာဖြစ်ပြီး Christopher Markus နှင့် Stephen McFeely တို့က ဇာတ်ညွှန်းရေးသားထားပါတယ်။

 ၂ ကားစလုံးကို IMAX ကင်မရာနှင့် အပြည့်အဝရိုက်ကူးမှာဖြစ်ပါတယ်။ Earth’s Mightiest Heroes တွေနှင့် Guardians of the Galaxy တွေ ပူးပေါင်းပြီး Josh Brolin ရဲ့ Thanos ကို ရင်ဆိုင်ရမည့် Avengers ဇာတ်လမ်းအဆက်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် တနင်္လာနေ့က စတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ Marvel’s Avengers: Infinity War ကို ၂၀၁၈ ခုနှစ် မေလ ၄ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ Karen Gillan က ဒီနှစ်မေလ ၅ ရက်မှာ ပြသမည့် Guardians of the Galaxy Vol. 2 မှာ Nebula အဖြစ် အရင်ဆုံး ပြန်လည်ပါဝင်မှာဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Ref: Coomingsoon