Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Beauty and the Beast နဲ့ Ghost In The Shell ဇာတ်ကားတို့ကို ကျော်တက်ခဲ့တဲ့ The Boss Baby

Beauty and the Beast နဲ့ Ghost In The Shell ဇာတ်ကားတို့ကို ကျော်တက်ခဲ့တဲ့ The Boss Baby

| No comment

ဟာသဇာတ်မြူး Animation ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ The Boss Baby ဇာတ်ကားကတော့ ရုံတင်ပြသလျက်ရှိနေတဲ့ Beauty and the Beast ဇာတ်ကားနဲ့ Ghost In The Shell ဇာတ်ကားတွေကို ကျော်တက်ပြီး လက်ရှိရုံဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားတစ်ခုအဖြစ်
ရပ်တည်လျက်ရှိနေပါတယ်။




Alec Baldwin က ရုံးဝတ် Suit နဲ့ Business Baby စတိုင်လ်အပြည့်ဖမ်းထားတဲ့ ချစ်စရာဇာတ်ကောင်လေးနေရာကနေ အသံသရုပ်ဆောင်ထားပြီး အောင်မြင်မှုတွေက ထင်ထားတာထက်ပိုမိုရရှိနေပါတယ်။ ရုံတင်ပြီး တစ်ပတ်အကြာမှာပဲ ဒေါ်လာ ၄၉ သန်းအထိရရှိခဲ့ပြီး Beauty and the Beast ဇာတ်ကားရဲ့ ဒေါ်လာ ၄၇.၅ သန်းစံချိန်ကို ကျော်တက်လာခဲ့တာဖြစ်ပါတယ်။

တစ်ဦးတည်းသောသားတစ်ယောက်တည်းရှိတဲ့အိမ်ကို လုပ်ငန်းတာဝန်အပြည့်နဲ့ Boss Baby ရောက်လာတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရုံမှာအရသာအပြည့်နဲ့ ဟာသတွေကို သွားခံစားနိုင်နေပါပြီ။ ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာလည်း The Boss Baby ဇာတ်ကားကို လူကြိုက်များလျက်ရှိနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာမှာ ပြသထားတဲ့ ဇာတ်ကားတွေရဲ့ လက်ရှိရုံဝင်ငွေကိုတော့ အောက်ကဇယားမှာကြည့်ရှုနိုင်ပါတယ်။

#
Title
Weekend
U.S. Total
Worldwide Total
1.
The Boss Baby
$49M
$49M
$108M
2.
Beauty and the Beast
$47.5M
$395.4M
$876.2M
3.
Ghost in the Shell
$19M
$19M
$59.1M
4.
Power Rangers
$14.5M
$65M
$97.7M
5.
Kong: Skull Island
$8.8M
$147.8M
$477.3M
6.
Logan
$6.2M
$211.8M
$585.4M
7.
Get Out
$5.8M
$156.8M
$167.1M
8.
Life
$5.6M
$22.3M
$50.9M
9.
Chips
$4M
$14.3M
$18.2M
10.
The Zookeeper’s Wife
$3.3M
$3.3M
$3.5M




Mocha

#celebrity.thithtoolwin.com

Ref : Digital Trends