Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Cars 3 ဇာတ်လမ်းနမူသစ်ထွက်ရှိ

Cars 3 ဇာတ်လမ်းနမူသစ်ထွက်ရှိ

| No comment

       Brian Fee (storyboard artist for Cars and Cars 2) ရိုက်ကူးထားတဲ့Disney Pixar ရဲ့ Cars 3 ကမျိုးဆက်သစ်မြန်နှုန်းမြင့် ပြိုင်ကားသစ်တွေကြောတာကို ခံနေရတဲ့ နာမည်ကျော် Lightning McQueen (Owen Wilson) ကရုတ်တရက် သူချစ်တဲ့ အားကစားကနေ ပယ်ခံလိုက်ရတာကနေ ဇာတ်လမ်း စတင်ထားပါတယ်။   ပြိုင်ပွဲပြန်ဝင်နိုင်ဖို့အတွက် စိတ်အားထက်သန်တဲ့ လူငယ်ပြိုင်ပွဲစက်မှုလက်မှုပညာရှင် Cruz Ramirez ရဲ့ အကူအညီ၊ ဆုံးပါးသွားတဲ့Fabulous Hudson Hornet ရဲ့ စိတ်ဓာတ်တက်ကြွစေမှုနှင့်မျှော်လင့်မထားတဲ့ဖြစ်ရပ်အနည်းငယ်တော့ လိုအပ်ပါတယ်။ #95 က အခုထိ မအိုသေးဘူးဆိုတာကိုသက်သေပြရင်း Piston Cup Racing ရဲ့ အကြီးကျယ်ဆုံး စင်မြင့်ပေါ်ချန်ပီယံတစ်ယောက်ရဲ့ စိတ်ဓာတ်ကို စမ်းသပ်ခံရမှာဖြစ်ပါတယ်။

        Cars 3 မှာ Larry the Cable Guy က Mater အဖြစ်, Bonnie Hunt က SallyCarrera အဖြစ်, နှင့် Cheech Marin က Ramone အဖြစ်ပြန်လည်ပါဝင်ထားပါတယ်။ဇာတ်ကောင်အသစ်တွေအဖြစ် Jackson Storm (အသံသရုပ်ဆောင် Armie Hammer) နှင့်Cruz Ramirez (အသံသရုပ်ဆောင် Cristela Alonzo) တို့က ပါဝင်ထားပါတယ်။Kerry Washington, Nathan Fillion and Lea DeLaria  NASCAR’s JeffGordon, Richard Petty, Chase Elliott, Ryan Blaney, Daniel Suárez နှင့်Bubba Wallace တို့ကလည်း အသံသရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။

   Cars 3 ကို Kevin Reher (A Bug’s Life,La Lunashort) ကထုတ်လုပ်ထားပါတယ်။ဇာတ်လမ်းတွဲထဲက ပထမဆုံး ဇာတ်ကားဖြစ်တဲ့ ၂၀၀၆ ခုနှစ်ကCars ဟာ အမေရိကန်ဒေါ်လာ ၄၆၁.၉ သန်း ဝင်ငွေရရှိခဲ့ပြီး Cars 2 ကတော့အဲ့ဒါကို ကျော်လွန်ပြီး ၂၀၁၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅၅၉.၈ သန်းရရှိခဲ့ပါတယ်။ ပထမဇာတ်ကား ၂ ကားအပြီးမှာ Disney Toon Studios က Cars ဇာတ်ကားလောကထဲမှာပဲအခြေတည်ထားတဲ့  Planes နှင့် Planes: Fire and Rescue
ဇာတ်ကားတွေ ထွက်ရှိခဲ့ပါတယ်။Cars 3 ကို ဇွန်လ ၁၆ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Ref: Coomingsoon