Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Christopher Nolan ၏ 'Dunkirk' ဇာတ်လမ်းနမူနာအပြည့်အစုံ ထွက်ရှိလာ

Christopher Nolan ၏ 'Dunkirk' ဇာတ်လမ်းနမူနာအပြည့်အစုံ ထွက်ရှိလာ

| No comment

Christopher Nolan ရဲ့ 'Dunkirk' ဇာတ်လမ်းနမူနာအသစ် ထွက်ရှိလာပါပြီ။ ၂ မိနစ်ကြာတဲ့ ဒီဗီဒီယိုရဲ့ အစမှာ ကမ်းခြေမှာ မျှော်လင့်မထားတဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်လာတဲ့အတွက် စစ်သားတွေက ကျည်ဆန်တွေကနေ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် သဲတွေကြားထဲမှာ အလျင်အမြန် လူစုခွဲလိုက်ရပါတယ်။

ဒုတိယကမ္ဘာစစ်အကြောင်းကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ One Direction အဖွဲ့ဝင် Harry Styles နှင့် သရုပ်ဆောင်သစ် Fionn Whitehead တို့ပါဝင်ထားပါတယ်။ Dunkirk ဇာတ်ကားက ၁၉၄၀ ခုနှစ်တုန်းက ပြင်သစ်နိုင်ငံ Dunkirk ကျွန်းမှ ဘေးကင်းရာသို့ (၉) ရက်ကြာ ရွှေ့ပြောင်းလာရင်း မဟာမိတ်တပ်သားပေါင်း ၄၀၀၀၀၀ နီးပါးကို ကယ်ဆယ်နိုင်ခဲ့တဲ့ Miracle of Dunkirk အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားအတွက် ထွက်ရှိခဲ့တဲ့ ပိုစတာကတော့ မှောင်မိုက်ပြီး မြူဆိုင်းနေတဲ့ စစ်မြေပြင်ကို မျှော်ကြည့်နေတဲ့ လူတစ်ယောက်ရဲ့ ရင်သပ်ရှုမောဖွယ်ပုံဖြစ်ပါတယ်။ ပိုစတာပေါ်မှာတော့ “Dunkirk: ငါတို့ရဲ့ ကမ္ဘာကြီးကို ပုံဖော်ပေးခဲ့တဲ့ အဖြစ်အပျက်တစ်ခု” လို့ ရေးသားထားပါတယ်။
Dunkirk ဇာတ်ကားကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။




RII

#celebrity.thithtoolwin.com

Ref: Billboard