Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Harry Styles ၏ တစ်ကိုယ်တော် ပွဲဦးထွက် သီချင်းသစ် 'Sign of the Times' ထွက်ရှိလာ

Harry Styles ၏ တစ်ကိုယ်တော် ပွဲဦးထွက် သီချင်းသစ် 'Sign of the Times' ထွက်ရှိလာ

| No comment

One Direction ပရိသတ်တွေအားလုံး စောင့်မျှော်နေတဲ့ အခိုက်အတန့်လေးက နောက်ဆုံးတော့ ရောက်ရှိလာပါပြီ။ Harry Styles ရဲ့ တစ်ကိုယ်တော် ပွဲဦးထွက် သီချင်းသစ် ထွက်လာပြီလေ။
မတ်လ ၂၅ ရက်က U.K X Factor ပြသနေစဉ်မှာ လွှင့်ခဲ့တဲ့ ပဟေဠိဆန်တဲ့ တီဗီကြော်ငြာထဲမှာ ကတိပေးထားပြီး မတ်လ ၃၁ ရက်က ဖော်ပြခဲ့တဲ့ cover art နှင့် သီချင်းခေါင်းစဉ်အတိုင်း ဧပြီလ ၇ ရက်မှာ Styles ရဲ့ 'Sign of the Times' သီချင်းက တရားဝင်ထွက်ရှိလာပါပြီ။ မျှော်လင့်ထားတဲ့အတိုင်းပဲ သီချင်းက တော်တော်မိုက်ပါတယ်။

Styles က သူ့ရဲ့တစ်ကိုယ်တော်သီချင်းတွေက ဘယ်လိုအသံမျိုးဖြစ်မယ်ဆိုတာ သဲလွန်စ တစ်စက်မှမပေးခဲ့ပေမယ့် တစ်ကယ့်အမိုက်စား rock ballad ဖြစ်တဲ့ 'Sign of the Times' သီချင်းကို ချပြခဲ့ပါတယ်။ ဒီသီချင်းက ဒီနေ့ခေတ်မှာ top 40 ဖြစ်နေတဲ့ သီချင်းတွေနှင့် နှိုင်းယှဉ်ရင် David Bowie သီချင်းတွေ ဒါမှမဟုတ် ၉၀ ခုနှစ်လွန်တွေတုန်းက ခေတ်စားခဲ့တဲ့ Spacehog ရဲ့ "In the Meantime" သီချင်းနှင့် ပိုပြီးလိုက်ဖက်ညီတဲ့ ပုံစံမျိုးပါ။ ရင်းနှီကျွမ်းဝင်နေတဲ့ Styles ရဲ့ အသံကလွဲရင် 1D သီချင်းတွေနှင့် မတူပါဘူး။

ဟယ်လီကော်ပတာပေါ်ကနေ လေထဲမှာ တွဲလောင်းခိုနေပြီး ရိုက်ကူးနေတဲ့ သတင်းပို့ချက်တွေအရ သီချင်းသစ်အတွက် ဗီဒီယိုကလည်း မကြာခင် ထွက်လာတော့မှာပါ။ လာမည့်ရက်သတ္တပတ်နှင့် လပိုင်းအတွင်းမှာ နောက်ထပ်သီချင်းသစ်တွေ ထွက်လာဦးမလားဆိုတာကတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် ဧည့်သည်အဖြစ်လာရောက် သီဆိုဖျော်ဖြေသူတွေကို သီချင်း ၂ ပုဒ်စာ အချိန်ပေးလေ့ရှိတဲ့ ‘Saturday Night Live’ မှာ ဧပြီလ ၁၅ ရက်မှာ ဖျော်ဖြေမှာဖြစ်ပါတယ်။ ဒါကြောင့် သီချင်းသစ်နောက်ထပ်တစ်ပုဒ်လည်း ကြားရနိုင်ခြေရှိပါတယ်။





RII

#celebrity.thithtoolwin.com

Ref: Billboard