Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , IU နဲ့ Hallyu ကြယ်ပွင့် Kim Soo Hyun တို့ရဲ့ "Ending Scene" သီချင်းဗီဒီယိုထွက်ရှိလာ

IU နဲ့ Hallyu ကြယ်ပွင့် Kim Soo Hyun တို့ရဲ့ "Ending Scene" သီချင်းဗီဒီယိုထွက်ရှိလာ

| No comment

G-Dragon နှင့်အတူတွဲဖက် သီဆိုထားတဲ့ ခေါင်းစီးသီချင်းဖြစ်တဲ့ "Palette" ထွက်ရှိပြီးနောက် IU က ဒီတစ်ခါမှာတော့ Hallyu ကြယ်ပွင့် Kim Soo Hyun နှင့်အတူ သရုပ်ဆောင်ထားတဲ့ သီချင်းဗီဒီယိုသစ်တစ်ခုနှင့် ပြန်ရောက်လာပါပြီ။

IU က "Ending Scene” ဗီဒီယိုကို  1theK ရဲ့ official YouTube channel မှာ ဧပြီလ ၂၄ ရက်က တင်ခဲ့ပါတယ်။ ဒီဗီးဒီယိုထဲမှာတော့ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ဖြစ်ပေါ်ခဲ့တဲ့ အခိုက်အတန့်လေးတွေကို ပြန်လည်တမ်းတဲ့ပုံစံမျိုး ရိုက်ကူးထားပါတယ်။ အဲ့ဒီယောက်ျားကတော့ IU ကိုယ်တိုင်က သီချင်းဗီဒီယိုထဲမှာ ပါဝင်ပေးဖို့တောင်းဆိုထားတာကြောင့် သဘောတူလိုက်တဲ့ Kim Soo Hyun ပါပဲ။

သူတို့နှစ်ယောက်က ၂၀၁၁ ခုနှစ်မှာ “Dream High” ဇာတ်လမ်းတွဲရိုက်ကူးရင်း ဆုံတွေ့ခဲ့တာဖြစ်ပြီး အတူတွဲလျက်ပြန်တွေ့ရတာ ဝမ်းသာစရာပါပဲ။ သီချင်းတစ်ပုဒ်လုံးကို ခြုံကြည့်လိုက်ရင်တော့ လွမ်းဆွေးဖွယ်ကောင်းပေမယ့် နောက်ကြောင်းပြန်တဲ့ ဇာတ်ကွက်တွေမှာတော့ ပရိသတ်တွေက သူတို့နှစ်ယောက်ကြားက ချစ်စဖွယ် အခိုက်အတန့်လေးတွေကို ခံစားရမှာဖြစ်ပါတယ်။ Kim Soo Hyun က IU အတွက် အားပါးတရ ကပြနေတဲ့ ဇာတ်ဝင်ခန်းတစ်ခုတောင်ပါဝင်ပါသေးတယ်။


RII

#celebrity.thithtoolwin.com

Ref: Soompi