Kim Soo Hyun က သူငယ်ချင်းနှင့် တွဲဖက်သရုပ်ဆောင် IU အပေါ် သစ္စာရှိမှုကို ပြသတဲ့အနေနှင့် အသစ်ထွက်မည့် အယ်လ်ဘမ်ထဲက သီချင်းဗီဒီယိုထဲမှာ ပါဝင်သရုပ်ဆောင်ပေးခဲ့ပါတယ်။ IU က တစ်နှစ်ခွဲကြာပြီးနောက် ဧပြီလ ၂၁ ရက်မှာ ထွက်ရှိမည့် အယ်လ်ဘမ် အသစ်နှင့်အတူ ပရိသတ်ထံ ပြန်ရောက်လာပါပြီ။
“Kim Soo Hyun က IU ရဲ့ သီချင်းသစ်အတွက် သီချင်းဗီဒီယို ရိုက်ပေးထားပါတယ်။ ဒီသီချင်းက ခေါင်းစီသီချင်းဖြစ်မလား follow-up သီချင်းဖြစ်မလားဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။ ဒီအယ်လ်ဘမ်အတွက် သီချင်းဗီဒီယိုတွေအများကြီး ထွက်ဖို့စီစဉ်ထားတော့ တခြားသီချင်းတွေအတွက် သီချင်းဗီဒီယိုလည်း ရိုက်ကူးနေတုန်းပါပဲ” လို့ IU ရဲ့ အေဂျင်စီက မကြာသေးခင်က သတင်းပို့ခဲ့ပါတယ်။
Kim Soo Hyun နှင့် IU က ၂၀၁၁ ခုနှစ်က KBS 2TV အတွက် “Dream High” ဇာတ်လမ်းတွဲ ရိုက်ကူးရင်း ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ KBS 2TV အတွက် “Producer” ဇာတ်လမ်းတွဲ ရိုက်ကူးတော့လည်း နောက်တစ်ကြိမ်ထပ်ဆုံခဲ့ပါသေးတယ်။ Kim Soo Hyun ရဲ့ ရုပ်ရှင်ဇာတ်ကား “Real” မှာလည်း IU က ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ပေးခဲ့ပါသေးတယ်။
RII
#celebrity.thithtoolwin.com
Ref: Soompi