Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Kylie Jenner နဲ့ Travis Scott တို့ရဲ့အချစ်ရေးကို ဝေဖန်လိုက်တဲ့ ရီဟားနား

Kylie Jenner နဲ့ Travis Scott တို့ရဲ့အချစ်ရေးကို ဝေဖန်လိုက်တဲ့ ရီဟားနား

| No comment

ချစ်သူဖြစ်သူ ရက်ပ်ပါ Tyga နဲ့ ပြတ်စဲပြီးတဲ့နောက်မှာ နောက်ထပ် Hip Hop အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Travis Scott နဲ့ တွဲခုတ်နေတဲ့ Kylie Jenner ကို အဆိုတော်ရီဟားနားက ဝေဖန်မှုတွေ ပြုလုပ်လိုက်ပါတယ်။ Travis ရဲ့ ရည်းစားဟောင်းလည်း ဖြစ်တဲ့  ရီဟားနားကတော့ ဒီအတွဲကို သိပ်ဘဝင်ကျပုံမပေါ်ပါဘူး။

K နဲ့ စတဲ့ ကောင်လေးလို့ ရီဟားနားက ပြောခဲ့တာဖြစ်ပြီး Kylie နဲ့ Travis တို့ရဲ့ အချစ်ရေးကတော့ အနှစ်သာရကင်းမဲ့တဲ့ ပေါ့ပျက်ပျက်သာဖြစ်အုံးမှာလို့ ဝေဖန်ခဲ့တာပါ။ ရီဟားနားဟာ Travis Scott ကို ပြီးခဲ့တဲ့ ၂၀၁၅ NYC Fashion Week မှာ ပြန်ဒိတ်ခဲ့ဖူးပြီး Travis ဟာ
ရီဟားနားကို အတော်လေးကို ချစ်မြတ်နိုးခဲ့တယ်လို့ သတင်းတွေက ရေးသားခဲ့ဖူးပါတယ်။

လောလောဆယ်မှာတော့ Coachella ပွဲတော်မှာ Kylie နဲ့ Travis တို့ လက်ချင်းချိတ်လျက်သား အနေအထားတွေကို မြင်တွေ့ခဲ့ရပြီး ရီဟားနားတစ်ယောက်ကတော့ ဒရိတ်ခ်နဲ့ ပြတ်စဲပြီးတဲ့နောက် ဒိတ်ပျောက်နေတုန်းပဲဖြစ်ပါတယ်။


Mocha

#celebrity.thithtoolwin.com

Ref : Aceshowbiz