Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တွဲနေတာဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ Lee Jun Ki နှင့် Jeon Hye Bin

တွဲနေတာဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ Lee Jun Ki နှင့် Jeon Hye Bin

| No comment

Lee Jun Ki  နှင့် Jeon Hye Bin က တွဲနေတာဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ Namoo Actors အေဂျင်စီတစ်ခုတည်းကဖြစ်တဲ့ သူတို့နှစ်ယောက်က တွဲနေတယ်ဆိုပြီး ဆက်တိုက်ထွက်ပေါ်နေတဲ့ ကောလဟာလတွေက အမှန်ဖြစ်ကြောင်း အတည်ပြုပေးလိုက်ပါပြီ။"Lee Jun Ki  နှင့် Jeon Hye Bin က ၂၀၁၃ ခုနှစ်မှာ ဇာတ်လမ်းတွဲ အတူရိုက်ကူးရင်း တွေ့ဖြစ်ခဲ့ကြတာပါ။

တွဲနေတယ်ဆိုတဲ့ ကောလဟာလတွေ ပထမဆုံးထွက်လာတုန်းက သူတို့က သာမန်မိတ်ဆွေကောင်းပါ။ ဒါပေမယ့် ၂၀၁၆ ခုနှစ်အစောပိုင်းမှာမှ သူတို့ရဲ့ ဆက်ဆံရေးက တိုးတက်လာတာပါ။ မိတ်ဆွေတွေအနေနှင့် တူညီတဲ့အချက်တွေအများကြီး ရှိနေတာကြောင့် တစ်ယောက်နှင့် တစ်ယောက် စိတ်ဝင်စားလာကြတာပါ။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို သေချာစေချင်လို့ပါ။ သူတို့က အခုတော့ သေချာသတိထားပြီး တွဲနေကြပါတယ်" လို့ Namoo Actors က ဧပြီလ ၄ ရက်မှာ အတည်ပြုပေးခဲ့ပါတယ်။

သရုပ်ဆောင်နှစ်ယောက်က ၂၀၁၄ ခုနှစ်က ထုတ်လွှင်ခဲ့တဲ့ 'Joseon Gunman' ဇာတ်လမ်းတွဲမှာ အတူသရုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက တွဲနေတယ်ဆိုတဲ့ ကောလဟာလ ၃ ခုလောက်ကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ အခုနောက်ဆုံးကောလဟာလကတော့ Dispatch က ဓာတ်ပုံတွေနှင့်အတူ သတင်းခေါင်းစဉ်မှာပါလာတာကြောင့် သူတို့ရဲ့ ဆက်ဆံရေးကို လူရှေ့ချပြဖို့ ဆုံးဖြတ်လိုက်ပုံပါပဲ။




RII


#celebrity.thithtoolwin.com

Ref: Alkpop