Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , New York မြေအောက်ရထားထဲမှာ ဓာတ်ပုံရိုက်သွားတဲ့ ပရိတ်သတ်ကို ပြန်လက်စားချေခဲ့တဲ့ Naomi Watts

New York မြေအောက်ရထားထဲမှာ ဓာတ်ပုံရိုက်သွားတဲ့ ပရိတ်သတ်ကို ပြန်လက်စားချေခဲ့တဲ့ Naomi Watts

| No comment

King Kong မင်းသမီး Naomi Watts ဟာ New York Subway စီးနေတုန်း ဓာတ်ပုံရိုက်ထားတဲ့ ပရိတ်သတ်ကို ပြန်လည်လက်စားခြေခဲ့ပါတယ်။
အော်စကာဇကာတင်မင်းသမီးရဲ့ လက်စားခြေပုံလေးကတော့ သူ့ကိုရိုက်ထားတဲ့ ပရိတ်သတ်မိန်းကလေးကို ဓာတ်ပုံပြန်ရိုက်ပြီး Instagram Page မှာ ပြန်လည် တင်ခဲ့တာပါ။

ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Aubrey Lofgren ဟာ မင်းသမီးနဲ့ ရထားပေါ်မှာမျက်နှာချင်းဆိုင် ထိုင်နေတာနဲ့ ကြုံကြိုက်တုန်း Snap ရိုက်ချက်နဲ့ ရိုက်ခဲ့ကာ “The beautiful Naomi Watts on the subway today. #fanningout,” လို့ Caption တပ်ပြီး သူမရဲ့ Instagram မှာတင်ထားခဲ့တာပါ။

ဒါကို Watts က လုံးဝ သတိထားမိပုံပေါ်ပြီး သူဓာတ်ပုံရိုက်နေတဲ့ပုံကို ပြန်လည် ရိုက်ကူးက Follower ခြောက်သိန်းကျော်ရှိတဲ့ သူမအကောင့်မှာ ပြန်လည်တင်ထားခဲ့ပြီးလက်စားခြေခဲ့တာပါ။ :D
ပုံတင်ထားပြီး သူက “Think you’re pretty sneaky? #gotyou #snap #subwayscenes”  ဆိုပြီး Hashtag တွေနဲ့ တင်ထားခဲ့ပါတယ်။

MinThant

#celebrity.thithtoolwin.com

Ref: ES