Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , "Pirates of the Caribbean: Dead Men Tell No Tales ဇာတ်ကောင်ပိုစတာများ ထွက်ရှိလာ"

"Pirates of the Caribbean: Dead Men Tell No Tales ဇာတ်ကောင်ပိုစတာများ ထွက်ရှိလာ"

| No comment

Walt Disney Pictures က Pirates of the Caribbean: Dead Men Tell No Tales ဇာတ်ကောင်ပိုစတာ ၅ ခုကို ပွဲထုတ်လိုက်ပါတယ်။Johnny Depp က Pirates of the Caribbean: Dead Men Tell No Tales ဇာတ်လမ်းအတွက် ပင်လယ်ပြင်မှာအတိုက်အခိုက်ကျွမ်းကျင်တဲ့ anti-hero Jack Sparrow အဖြစ် ရုပ်ရှင်ပိတ်ကားပေါ်ကိုပြန်ရောက်လာပါပြီ။

 အန္တရာယ်တွေပြည့်နက်နေတဲ့ စွန့်စားခန်းမှာ Devil’s Triangle က လွတ်မြောက်လာပြီး အထူးသဖြင့် Jack အပါအဝင် ပင်လယ်ပြင်မှာရှိတဲ့ ပင်လယ်ဓားပြတွေအားလုံးကို သတ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ကြောက်ဖို့ကောင်းတဲ့ Captain Salazer (Javier Bardem) ခေါင်းဆောင်တဲ့ သေစေနိုင်တဲ့ တစ္ဆေသင်္ဘောသားတွေ ရောက်လာတဲ့အခါမှာ ကံနိမ့်နေတဲ့ Captain Jack တစ်ယောက် မကောင်းတဲ့ ကံကြမ္မာလေပွေက သူ့ဘက်ကို တိုက်ခတ်လာနေတာကို ခံစားခဲ့ရပါတယ်။

 Jack အသက်ရှင်နိုင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ ဒဏ္ဍာရီလာ Poseidon ၏ သုံးခွမှိန်းပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် အဲ့ဒါကို ရှာဖို့အတွက် အလွန်တော်ပြီး လှပတဲ့ နက္ခတ္တဗေဒပညာရှင် Carina Smyth (Kaya Scodelario) ၊ တော်ဝင်ရေတပ်ထဲက ခေါင်းမာတဲ့ သင်္ဘောသားလေး Henry (Benton Thwaites) တို့နှင့် မလွယ်ကူတဲ့ မဟာမိတ်ဖွဲ့ရမှာဖြစ်ပါတယ်။ Captain Jack က သူ့ရဲ့ သေးငယ်တဲ့ သင်္ဘောစုတ်လေး Dying Gull ကို  ပဲ့ကိုင်ရင်း သူ့ရဲ့ ရုတ်ရက်ဖြစ်ပေါ်လာတဲ့ ကံကြမ္မာဆိုးကို ပြောင်းပြန်လှန်ဖို့သာမက အသက်ကိုပါကယ်တင်ဖို့ အရင်ကတစ်ခါမှ မရင်ဆိုင်ဖူးတဲ့ ကြောက်မက်ဖွယ်ကောင်းဆုံးနှင် ရန်ငြိုးထားတတ်တဲ့ ရန်သူကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Pirates of the Caribbean: Dead Men Tell No Tales ဇာတ်လမ်းမှာ Joshamee Gibbs အဖြစ် Kevin R. McNally ၊ sea-witch Shansa အဖြစ် Golshifteh Farahani ၊ Scarfield အဖြစ် David Wenham ၊ Scrum အဖြစ် Stephen Graham နှင့် Captain Hector Barbossa အဖြစ် Geoffrey Rush တို့လည်းပါဝင်ပါတယ်။နော်ဝေလူမျိုး ဒါရိုက်တာ Espen Sandberg နှင့် Joachim Rønning (Kon-Tiki) တို့ရိုက်ကူးထားတဲ့ Pirates of the Caribbean: Dead Men Tell No Tales ဇာတ်ကားကို မေလ ၂၆ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Ref: Coomingsoon