SM STATION' ဒုတိယ season အတွက် သီချင်းသစ်ထွက်မည့် တတိယမြောက်သူကတော့ EXO အဖွဲ့ဝင် Baekhyun ပဲဖြစ်ပါတယ်။
Baekhyun သီဆိုထားတဲ့ "I'll Take You There" တစ်ကိုယ်တော် သီချင်းက ဧပြီလ ၁၄ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ထွက်ရှိမှာဖြစ်ပါတယ်။ Baekhyun က တခြားသူတွေနှင့် တွဲဖက်သီဆိုထားတဲ့ သီချင်းတွေအများကြီး ထွက်ခဲ့ပေမယ့် နောက်ဆုံးတစ်ကိုယ်တော် သီချင်း "Beautiful" ထွက်ခဲ့တာ ၂ နှစ်ရှိသွားပါပြီ။
သီချင်းအတွက် MV teaser ကတော့ ဧပြီလ ၈ ရက် ကိုရီးယားစံတော်ချိန် ညသန်းခေါင်ယံအချိန်မှာ ထွက်ရှိလာမှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှုကြပါဦး။ Baekhyun ရဲ့ teaser ဓာတ်ပုံတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
RII
#celebrity.thithtoolwin.com
Ref: Alkpop