Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Universal Picture က The Mummy ဇာတ်ကားနမူနာသစ်ကို ထုတ်ပေးလိုက်ပါတယ်

Universal Picture က The Mummy ဇာတ်ကားနမူနာသစ်ကို ထုတ်ပေးလိုက်ပါတယ်

| No comment


ကမ္ဘာအနှံ့အပြားက ကြိုက်နှစ်သက်ကြတဲ့ The Mummy ဇာတ်ကားကို ပုံစံအသစ်နှင့် ပြန်လည်ရိုက်ကူးထားရာမှာ Tom Cruise က ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ထားပါတယ်။

ကြမ်းတမ်းတဲ့ သဲကန္ဒာရအောက်မှာ လုံခြုံစွာ မြှပ်နှံထားတယ်လို့ ထင်ရတဲ့ သူ့ကံကြမ္မာကို မတရားသဖြင့် လုယူခံလိုက်ရတဲ့ ရှေးဟောင်း ဘုရင်မတစ်ပါးက ထောင်စုနှစ်တစ်ခုအတွင်းမှာ ကြီးမားလာတဲ့ လူသားတွေ နားမလည်နိုင်တဲ့ မလိုမုန်းထားစိတ်တွေ၊ အကြမ်းဖက် ခြိမ်းခြောက်မှုတွေနှင့်အတူ ယနေ့ခေတ်မှာ နိုးထလာပါတယ်။ (Kingsman: The Secret Service နှင့် Star Trek Beyond မင်းသမီး Sofia Boutella သရုပ်ဆောင်သည်။)

The Mummy ဇာတ်ကားက အရှေ့အလယ်ပိုင်း သဲသောင်ပြင်ကြီးကနေ စိတ်လှုပ်ရှား အံ့အားသင့်ဖွယ်တွေကို ယနေ့ခေတ် လန်ဒန်မြို့အောက်မှာ ဖုံးကွယ်နေတဲ့ ဝင်္ကဘာကနေတဆင့် နတ်ဘုရားတွေနှင့် မကောင်းဆိုးဝါ ကမ္ဘာသစ်ထဲကို ယူဆောင်လာပါတယ်။

The Mummy မှာပါဝင်မည့် သရုပ်ဆောင်တွေကတော့ Annabelle Wallis (upcoming King Arthur, television’s Peaky Blinders), Jake Johnson (Jurassic World), Courtney B. Vance (TV’s American Crime Story: The People V. O.J. Simpson) နှင့် အော်စကာဆုရှင် Russell Crowe (Gladiator) တို့ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လ ၉ ရက်မှာ ရုံတင်ပြသမည့် The Mummy ဇာတ်ကားကို ဒါရိုက်တာ Alex Kurtzman က ရိုက်ကူးပြီး Chris Morgan (Fast & Furious series, Wanted) နှင့် Sean Daniel (The Mummy trilogy, The Best Man series) တို့နှင့်အတူ ထုတ်လုပ်မှာဖြစ်ပါတယ်။ Jon Spaihts နှင့် Christopher McQuarrie က ဇာတ်ညွှန်းရေးသားထားပြီး Bobby Cohen က အမှုဆောင် ထုတ်လုပ်သူဖြစ်ပါတယ်။ Universal Monster cinematic universe ရဲ့ ပထမဆုံး ဇာတ်ကားဖြစ်ပြီး The Wolfman, The Invisible Man, Bride of Frankenstein နှင့်Van Helsing တို့ကိုလည်း ဆက်လက်ရိုက်ကူးဖို့ စီစဉ်ထားပါတယ်။

RII

#celebrity.thithtoolwin.com

Ref: Coomingsoon