Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , webdrama 'Magic School' တွင် GOT7 အဖွဲ့ဝင် Jinyoung, 2PM အဖွဲ့ဝင် Nichkhun နှင့် Yoon Park တို့ပါဝင်သရုပ်ဆောင်မည်

webdrama 'Magic School' တွင် GOT7 အဖွဲ့ဝင် Jinyoung, 2PM အဖွဲ့ဝင် Nichkhun နှင့် Yoon Park တို့ပါဝင်သရုပ်ဆောင်မည်

| No comment

GOT7 အဖွဲ့ဝင် Jinyoung နှင့် 2PM အဖွဲ့ဝင် Nichkhun တို့က JYP Pictures က ထုတ်လုပ်မည့် ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။'Magic School' (ယာယီအမည်) ဇာတ်လမ်းတွဲမှာပါဝင်ဖို့ Jinyoung, Nichkhun, Yoon Park, Ryu Seung Soo နှင့် Shin Eun Soo တို့ကို ရွေးချယ်ထားပါတယ်။

 Jinyoung က ရည်းစားတစ်ခါမှ မထားဖူးသေးတဲ့ တက္ကသိုလ်ကျောင်းသားလေး Nara၊ အစိုးရဝန်ထမ်းဖြစ်ချင်သူ အဖြစ်သရုပ်ဆောင်ထားပါတယ်။ Nichkhun က ဆင်းရဲပေမယ့် စိတ်နှလုံးနွေးထွေးတဲ့ လက်ထောက် Joon အဖြစ်သရုပ်ဆောင်ထားပါတယ်။

 Yoon Park ကတော့ နက်ရှိုင်းတဲ့ ဝမ်းနည်းမှုတွေရှိနေပြီး စိတ်ထားအေးစက်တဲ့ နာမည်ကျော် မျက်လှည့်ဆရာ Jay အဖြစ်သရုပ်ဆောင်ထားပါတယ်။  Ryu Seung ကတော့ Magic School ရဲ့ကျောင်းအုပ်ကြီး Master Han အဖြစ်၊ Shin Eun Soo ကတော့ ကျောင်းအုပ်ကြီးရဲ့ သမီးဖြစ်ပြီး အကပညာရှင်ဖြစ်ချင်သူ Yiseul အဖြစ်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်လမ်းတွဲကို ဇူလိုင်လမှာ စတင်ရိုက်ကူးမှာဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Ref: Alkpop