Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ၅၃ ကြိမ်မြောက် Baeksang Arts Awards ဆုပေးပွဲမှာ ဆုလက်ခံရင်း မျက်ရည်တွေကျပြီး အမေကိုတောင်းပန်ခဲ့တဲ့ Gong Yoo

၅၃ ကြိမ်မြောက် Baeksang Arts Awards ဆုပေးပွဲမှာ ဆုလက်ခံရင်း မျက်ရည်တွေကျပြီး အမေကိုတောင်းပန်ခဲ့တဲ့ Gong Yoo

| No comment



သရုပ်ဆောင် Gong Yoo က ၅၃ ကြိမ်မြောက် Baeksang Arts Awards ဆုပေးပွဲမှာ ဆုလက်ခံနေစဉ် သူ့အမေအကြောင်းပြောရင်း မျက်ရည်တွေဝဲလာခဲ့တာဖြစ်ပါတယ်။

မေလ ၃ ရက်က ကျင်းပခဲ့တဲ့ ဆုပေးပွဲမှာ Gong Yoo က "Goblin" ဇာန်လမ်းတွဲနှင့် Best Actor ဆု ရရှိခဲ့ပါတယ်။ ဆုလက်ခံစကားပြောကြားစဉ်မှာ အလုပ်တွေအရမ်းများတာကြောင့် အမေ့ကို မကြာခဏလာမတွေ့နိုင်တဲ့အတွက် တောင်းပန်စကားပြောခဲ့ပါတယ်။

"တစ်ခါတစ်လေမှာ ကျွန်တော့်အမေက စိတ်ပျက်လာရင် ငါ့သားက သူများသားလိုဖြစ်နေပြီဆိုပြီး ပြောတတ်တယ်။ ကျွန်တော်က အမေ့အပေါ် မကောင်းလို့ဖြစ်တာပါ" လို့ မျက်ရည်တွေဝဲပြီးပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး ဆုရရှိတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး ကိုယ်ခြေထောက်ပေါ်ကိုယ် ပြန်ရပ်နိုင်ဖို့အတွက် အထောက်အကူဖြစ်မှာပါလို့ ပြောကြားသွားပါတယ်။

RII

#celebrity.thithtoolwin.com

Ref: Soompi