Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ကိန်းစ်ရုပ်ရှင်ပွဲတော်အပြီးမှာ ဒိတ်ခဲ့တယ်လို့ သတင်းထွက်နေတဲ့ လီယိုနာဒိုနဲ့ Bella Hadid

ကိန်းစ်ရုပ်ရှင်ပွဲတော်အပြီးမှာ ဒိတ်ခဲ့တယ်လို့ သတင်းထွက်နေတဲ့ လီယိုနာဒိုနဲ့ Bella Hadid

| No comment


လောလောဆယ်မှာ Single လူပျိုကြီးတစ်ယောက်အနေနဲ့ပဲ ဘဝကို ဖြတ်သန်းလျက်ရှိတဲ့ မင်းသားကြီး လီယိုနာဒို ဒီကာပရီယိုရဲ့ နှလုံးသားလှုပ်ခတ်သံတွေကတော့ ထွက်ပေါ်လို့လာခဲ့ပါတယ်။ သူနဲ့ သတင်းထွက်နေတဲ့ သူကတော့ စူပါမော်ဒယ်လ်ချောလေး Bella Hadid ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြားက အဆင်ပြေနေပုံရတဲ့ ဆက်ဆံရေးကို သက်သေပြတဲ့ ဓာတ်ပုံတွေကတော့ amfAR Charity gala ပွဲအပြီးမှာ ထွက်ပေါ်လို့လာခဲ့ပါတယ်။


Vape သောက်ပြီး အေးဆေးထိုင်နေတဲ့ လီယိုနာဒိုနားကို Bella Hadid တစ်ယောက်ရောက်လာပြီး နှစ်ယောက်သား တီးတိုးစကားတွေပြောနေခဲ့ကြပါတယ်။ ဒါ့အပြင် Victoria's Secret မော်ဒယ်လ်ဟာ မင်းသားကြီးရဲ့ ပခုံးပေါ်ကို လက်ကလေးတင်ပြီး စကားပြောနေခဲ့ကြတာက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ပိုပြီး အရှိန်မြှင့်သွားစေခဲ့တာပါ။ ပြီးတော့ သူတို့ဟာ စားပွဲပေါ်က တစ်စုံတစ်ရာကိုလည်း အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ကြပါတယ်။


မင်းသားကြီး လီယိုနာဒိုထိုင်နေတဲ့ စားပွဲကိုတော့ Bella တစ်ယောက်တည်း လာစကားပြောခဲ့တာတော့ မဟုတ်ပါဘူး။ ဗြိတိန်အဆိုတော် Rita Ora လည်း လာရောက်ပြီး "Titanic" မင်းသားကြီးနဲ့ ရင်းရင်းနှီးနှီး စကားလက်ဆုံလာကျခဲ့တာပါ။




လီယိုနာဒိုဟာ ဒီပွဲကို အပေါင်းအသင်းခြောက်ယောက်နဲ့ လာရောက်ခဲ့ပြီး မော်ဒယ်လ်တွေကိုလည်း တစ်ယောက်ချင်းသေချာလိုက်ကြည့်နေခဲ့တယ်လို့လည်း သိရပါတယ်။


Mocha

#celebriy.thithtoolwin.com

Ref : Aceshowbiz