K-pop ပရိသတ်တွေအတွက်တော့ ဒီနှစ်ကျင်းပမည့် Billboard Music Awards ဆုပေးပွဲ ကော်ဇော်နီပေါ်မှာ ရင်းနှီးနေတဲ့ မျက်နှာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။
BTS အဖွဲ့က Top Social Artist ဆုကို ရရှိဖို့မျှော်လင့်ပြီး BBMAs ပွဲကို တက်ရောက်မည်ဖြစ်ကြောင်း မေလ ၈ ရက်က ကြေညာခဲ့ပါတယ်။ ဒီပွဲကတော့ K-pop စူပါစတားအဖွဲ့အတွက် ပထမဦးဆုံး U.S မှာ ကော်ဇော်နီပေါ်လျှောက်လှမ်းခြင်းဖြစ်ပါတယ်။
သူတို့က Social 50 Charts မှာ နံပါတ် ၁ ဝင်ခဲ့တာ မေလ ၆ ရက်ဆိုရင် ရက်သတ္တပတ် ၂၃ ပတ်မြောက်ခဲ့ပြီဖြစ်ပြီး Miley Cyrus နှင့် Rihanna တို့နှင့်အတူ chart ထိပ်ဆုံးမှာ အချိန်အကြာဆုံးရှိနေတဲ့ တတိယမြောက် အနုပညာရှင်အဖြစ် ပူးတွဲနေရာက ကျော်တက်လာခဲ့တာဖြစ်တဲ့အတွက် Top Social Artist ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တာဟာ အံသြစရာတော့ မဟုတ်ပါဘူး။
BTS အဖွဲ့က Twitter မှာ followers ၅.၄ သန်းရှိနေပြီး YouTube မှာလည်း မတ်လ ကတည်းက ထွက်ရှိခဲ့တဲ့ "Not Today", "Spring Day" နှင့် "Change" ဗီဒီယိုတွေနှင့်အတူ ကြည့်ရှုနှုန်း ပျမ်းမျှ သန်း ၁၀၀ ရှိနေပါတယ်။
၂၀၁၇ ခုနှစ် Billboard Music Awards ဆုပေးပွဲကို မေလ ၂၁ ရက်၊ တနင်္ဂနွေမှာ Las Vegas မြို့မှာရှိတဲ့ T-Mobile Arena မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီပွဲကို 8 p.m. ET/5 p.m. PT အချိန်မှာ ABC မှ တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပါတယ်။
RII
#celebrity.thithtoolwin.com
Ref: Billboard