Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Billboard Music Awards ဆုပေးပွဲမှာ သမိုင်းသစ်ရေးခဲ့တဲ့ BTS အဖွဲ့

Billboard Music Awards ဆုပေးပွဲမှာ သမိုင်းသစ်ရေးခဲ့တဲ့ BTS အဖွဲ့

| No comment


BTS အဖွဲ့ကတော့ Billboard Music Awards ဆုပေးပွဲမှာ ဆုရတဲ့ ပထမဆုံး K-Pop အဖွဲ့ဖြစ်သွားပါပြီ!

BTS အဖွဲ့က Top Social Artist ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့အတွက် မေလ ၂၁ ရက်က Las Vegas မြို့က T-Mobile Arena မှာကျင်းပခဲ့တဲ့ Billboard Music Awards ဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။ BTS အဖွဲ့က အနိုင်ရဖို့အတွက် Justin Bieber, Ariana Grande, Selena Gomez, Shawn Mendes တို့နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး Justin Bieber က ပရိသတ်တွေ မဲပေးရတဲ့ ဒီဆုကို ပထမဆုံးစတင်ချီးမြှင့်ခဲ့ ၂၀၁၁ ခုနှစ်ကတည်းက နှစ်စဉ်ဆက်တိုက် ရရှိခဲ့တာဖြစ်ပါတယ်။

မေလ ၁ ရက်မှာ မဲပေးဖို့ စတင်ဖွင့်လှစ်တာနှင့် တစ်ပြိုင်နက် BTS အဖွဲ့ရဲ့ ပရိသတ် ARMY က Twitter နှင့် Billboard Music Awards website ကတစ်ဆင့် မဲပေးခဲ့ကြတာဖြစ်ပါတယ်။ မဲပေးရမည့် hashtag "#BTSBBMAS" ကို အကြိမ်ပေါင်း သန်း ၃၀၀ ကျော် အသုံးပြုခဲ့ကြပါတယ်။

ဆုပေးပွဲကျင်းပနေစဉ်အတွင်းမှာ BTS အဖွဲ့က Top Social Artist ဆုကို ရရှိကြောင်းကြေညာခဲ့ပါတယ်။ အဖွဲ့က စင်မြင့်ပေါ်တက်လာတဲ့အခါမှာတော့ Rap Monster က "ကျွန်တော်တို့က Billboard Music Awards စင်မြင့်ပေါ်မှာ မတ်တပ်ရပ်နေရတယ်ဆိုတာ အခုထိ မယုံကြည်နိုင်သေးပါဘူး။ ကျွန်တော်တို့ အားကျရတဲ့ အနုပညာရှင်တွေအားလုံးကို မြင်တွေ့ရတာ အရမ်းကောင်းပါတယ်။ အရမ်းတော်တဲ့ အနုပညာရှင်တွေနဲ့အတူ ဆန်ကာတင်စာရင်းဝင်ရတာကိုလည်း ဂုဏ်ယူပါတယ်။" လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီးတော့ ကမ္ဘာတစ်လွှားက ပရိသတ်တွေရဲ့ အချစ်တွေနှင့် ဂုဏ်ယူရအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ခဲ့ပါတယ်။ "ARMY ကျေးဇူးပြုပြီး ကျွန်တော်တို့ ပြောနေကြဖြစ်တဲ့ Love myself, love yourself ဆိုတာကို မှတ်ထားပေးပါ" လို့ ထပ်ပြောခဲ့ပါတယ်။ ပရိသတ်တွေကို ကိုရီးယားစကားနှင့် ကျေးဇူးတင်စကားပြောကြားပြီး Billboard ကိုလည်း အားပေးထောက်ခံမှုအတွက် ကျေးဇူးတင်ခဲ့ပါတယ်။

BTS အဖွဲ့က နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဒီဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့ အဖွဲ့လိုက်အနေနှင့် ပထမဦးဆုံးဖြစ်ပြီး ဒုတိယမြောက် ကိုရီးယားအနုပညာရှင်ဖြစ်ပါတယ်။ အဆိုတော် PSY က ၂၀၁၃ ခုနှစ်က Billboard Music Awards မှာ "Gangnam Styles" သီချင်းနှင့် Top Streaming Song ဆုရရှိခဲ့တဲ့ ပထမဆုံး ကိုရီးယားအနုပညာရှင်ဖြစ်ပြီး ပြီးခဲ့တဲ့လက PSY က BTS အဖွဲ့ကို ဆန်ကာတင်စာရင်းဝင်တဲ့အတွက် ဂုဏ်ပြုကြောင်း twitter မှာ ရေးသားခဲ့ပါတယ်။

BTS အဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ပထမဆုံး နံပါတ် ၁ ရခဲ့ပီးကတည်းက Billboard Social 50 Charts မှာ ထိပ်ဆုံးရောက်နေတာ ရက်သတ္တပတ်၂၅ ပတ်ရှိပြီဖြစ်တဲ့အတွက် ဒီဆုကို ထိုက်ထိုက်တန်တန် ရရှိသွားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က  "WINGS" အယ်လ်ဘမ်နှင့် နံပါတ် ၂၆ ဝင်ခဲ့တဲ့အတွက် Billboard 200 မှာ K-Pop group with the highest-ranking album ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ ခေါင်စီးသီချင်း "Spring Day" ကလည်း "Billboard Bubbling Under 100" chart မှာ နံပါတ် ၁၅ ရရှိခဲ့တဲ့အတွက် Billboard က "Billboard single chart ပေါ်က K-Pop သမိုင်းကြောင်းကို ကြည့်ရင် မကြုံစဖူးပါပဲ" လို့ ဖော်ပြခဲ့ပါတယ်။

 RII

#celebrity.thithtoolwin.com

  Ref:soompi