Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , မူးယစ်ဆေး မှောင်ခိုတင်သွင်းမှုနဲ့ အဖမ်းဆီးခံထားရတဲ့ ကိုရီးယား အနုပညာရှင်တစ်ဦး

မူးယစ်ဆေး မှောင်ခိုတင်သွင်းမှုနဲ့ အဖမ်းဆီးခံထားရတဲ့ ကိုရီးယား အနုပညာရှင်တစ်ဦး

| No comment

 ယခင်က Kpop ဂီတလောကမှာ အဆိုတော်တစ်ဦးအဖြစ် လုပ်ကိုင်ဖူးခဲ့သူတစ်ဦးဟာ တောင်ကိုရီးယားနိုင်ငံအတွင်း မူးယစ်ဆေးဝါးများကို မှောင်ခိုတင်သွင်မှု တရားမဝင် ပို့ဆောင်မှုတို့ကြောင့် ရဲတပ်ဖွဲ့များရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရလိုက်ပါတယ်။

 ဆိုလ်းမြို့တော်ရဲကောင်စီရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ကြီးမားတဲ့ နိုင်ငံအတွင်း မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းမှုကြီးထဲမှာ သံသယရှိသူ လူအယောက်တစ်ရာကို ဧပြီလ ၂၆ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အဆိုပါ အယောက်တစ်ရာထဲမှ ၁၉ယောက်ကို ထပ်မံစစ်ထုတ်လိုက်ရာမှာ Undergo ဆိုတဲ့ Kpop အဖွဲ့ထဲမှ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသူ Steelo ပါ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်များရဲ့ စစ်ဆေးမေးမြန်းမှုများကိုလည်း Steelo ဘက်ကလည်း ဝန်ခံသွားခဲ့ပါတယ်။ Steelo က သူ့ကို မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းမှုထဲမှာ ပါဝင်ဖို့ ကမ်းလှမ်းခဲ့တာကို သူ့ဘက်က လိုလိုလားလား လုပ်ဆောင်ပေးခဲ့တာဖြစ်ကြောင်း အတည်ပြုပြောဆိုသွားခဲ့ပါတယ်။

 Steelo ရဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး Steelo ရဲ့ အေဂျင်စီဟောင်းဖြစ်တဲ့ 2able Company က " Underdog အဖွဲ့နဲ့ Steelo ရဲ့စာချုပ်က အပြီးသတ်ခဲ့တာ ကြာပါပြီ။ Undergo မန်ဘာဟောင်းတွေနဲ့ လက်ရှိ သူတို့ဘာလုပ်နေကြမလဲဆိုတာ ကျွန်တော်တို့ဘက်ကနေ မသိရှိကြတော့ပါဘူး။ Steelo အကြောင်းကို သူကျန်းမာရေးမကောင်းလို့ ဆေးရုံတတ်ရတယ်ဆိုတဲ့ သတင်းကလွဲပြီး အဲ့ဒီနောက်ပိုင်း ဘာအကြောင်းမှ မကြားရတော့ပါဘူး " လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#celebrity.thithtoolwin.com

Ref: Koreaboo