Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Carley Rae Jepsen ရဲ့ ‘CUT TO THE FEELING’ သီချင်းမြူးထွက်ရှိလာ

Carley Rae Jepsen ရဲ့ ‘CUT TO THE FEELING’ သီချင်းမြူးထွက်ရှိလာ

| No comment

မြန်မာနိုင်ငံမှာတော့ Good Time, Call Me Maybe စတဲ့ သီချင်းတွေနဲ့ အောင်မြင်တဲ့ အဆိုတော်မလေး Carley Rae Jepsen ရဲ့ "Cut to the Feeling" သီချင်းကတော့ ထွက်ရှိလို့လာခဲ့ပါပြီ။

ဒီသီချင်းဟာ animation ဇာတ်ကားတစ်ခုဖြစ်တဲ့ Leap! ဇာတ်ကားထဲမှာ ပါဝင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ဒီဇာတ်ကားထဲမှာတော့ Carly ရဲ့ အသံသရုပ်ဆောင်မှုစွမ်းရည်တွေကိုပါ ခံစားရစေမှာဖြစ်ပါတယ်။

ဒီသီချင်းဟာ သူမရဲ့ နောက်ထပ်ထွက်ရှိမယ့် Emotion အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်လည်းဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။

ဒီသီချင်းမှာတော့ Carley Rae Jepsen ရဲ့ ပုံစံအတိုင်းပဲ ပျော်စရာကောင်းတဲ့ သီချင်းမြူးတစ်ပုဒ်ကို ခံစားရစေမှာပါ။ သီချင်းကိုတော့ အောက်မှာ ကြည့်ရှုခံစားနိုင်ပါတယ်။




Mocha

#celebrity.thithtoolwin.com

Ref : MTV