Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Disneyland က Pirates of the Caribbean အပျော်စီးယာဉ် စီးနင်းသူတွေကို အံ့အားသင့်အောင် ပြုလုပ်ခဲ့တဲ့ Johnny Depp

Disneyland က Pirates of the Caribbean အပျော်စီးယာဉ် စီးနင်းသူတွေကို အံ့အားသင့်အောင် ပြုလုပ်ခဲ့တဲ့ Johnny Depp

| No comment

ဒီတစ်ခါမှာတော့ Jack Sparrow ဟာ Disneyland က Pirates of the Caribbean
အပျော်စီးယာဉ်ဆီကို စမ်းတဝါးဝါးရောက်ရှိလာပါတယ်။
ကယ်လီဖိုနီးယားမြို့မှာရှိတဲ့ ကစားကွင်းကို ဗုဒ္ဓဟူးနေ့က
သွားရောက်လည်ပတ်ရင်း ရေပေါ်အပျော်စီးယာဉ်စီးနင်းခဲ့ကြသူတွေက ဓားကို
အပြင်းအထန်လွှဲရမ်းနေတဲ့ ပင်လယ်ပြင်မှာ အတိုက်အခိုက်ကျွမ်းကျင်သူ
စက်ရုပ်ကြီးက အမှန်တကယ်မှာ စက်ရုပ်မဟုတ်ဘဲ Pirates of the Caribbean
ဇာတ်ကားထဲကအတိုင်း ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ Johnny Depp
ဖြစ်နေတယ်ဆိုတာကို မကြာခင်မှာပဲ သဘောပေါက်သွားခဲ့ကြပါတယ်။


 “အားလုံးက
အံ့ဩနေကြတာ၊ လန့်သွားကြတယ် ပြီးတော့ သူ့ကိုတွေ့ရလို့
စိတ်လှုပ်ရှားနေကြတယ်။ သူက ရုပ်ရှင်ထဲက ဇာတ်ကောင်အတိုင်း အတိအကျ
သရုပ်ဆောင်နေတာလေ” လို့ မျက်မြင်တွေ့ခဲ့တဲ့သူတစ်ယောက်က E! News ကို
ပြောပြခဲ့ပါတယ်။
လိုက်ပါစီးနင်းသူတွေက Depp ထွက်ပေါ်လာတာကို ဗီဒီယိုတွေ ရိုက်ကူးခဲ့ကြပြီး
လူမှုကွန်ယက်မှာ တင်ခဲ့ကြပါတယ်။ “ဘဝကြီးက ပြည့်စုံသွားပြီကွ” လို့
လည်ပတ်သူတစ်ယောက်က Twitter မှာ ရေးသားခဲ့ပါတယ်။
ညအချိန်မှာလည်း Depp ရဲ့ Captain Jack က နောက်တစ်ကြိမ် ထပ်ရောက်လာပြီး
အားပေးနေတဲ့ လူအုပ်ကြီးကို အပျော်စီယာဉ်ဝင်ပေါက်ရဲ့ လသာဆောင်ပေါ်ကနေ
“ကျွန်တော် ဒီမှာရောက်နေတာ ဘယ်သူ့ကိုမှ မပြောနဲ့နော်” လို့
အော်ဟစ်ပြောဆိုခဲ့ပါတယ်။

ဒီအံ့အားသင့်အောင်ပြုလုပ်မှုဟာ Depp ရဲ့ ရုပ်ရှင်ပိတ်ကားပေါ်က Pirates of
the Caribbean: Dead Men Tell No Tales ဇာတ်ကားအတွက်ဖြစ်ပါတယ်။ Disney
ဇာတ်လမ်းတွဲရဲ့ ၅ ကားမြောက် ဇာတ်ကားမှာ ကြောက်ဖို့ကောင်းတဲ့ Captain
Salazer (Javier Bardem) က သူ့ကို ကျရှုံးအောင်လုပ်ခဲ့တဲ့
ပင်လယ်ဓားပြငယ်လေးကို လက်စားချေဖို့လိုက်ရှာနေတဲ့အတွက် Jack က
ထွက်ပြေးနေရပါတယ်။

Black Pearl ရဲ့ ယစ်မူးနေတဲ့ Captain အတွက် တစ်ခုတည်းသော
မျှော်လင့်ချက်ကတော့ ပင်လယ်ပြင်ကို အမိန့်ပေးနိုင်တဲ့ ဒဏ္ဍာရီလာ Poseidon ၏
သုံးခွမှိန်းပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် Will Turner ရဲ့ သားဖြစ်သူ
Henry (Benton Thwaites) နှင့် နက္ခတ္တဗေဒပညာရှင် Carina Smyth (Kaya
Scodelario) တို့ရဲ့ အကူအညီလိုအပ်ပါတယ်။
Pirates of the Caribbean: Dead Men Tell No Tales ဇာတ်ကားကို မေလ ၂၆
ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Ref: EW