Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , EXO-CBX ၏ ဂျပန်နိုင်ငံ ပွဲဦးထွက်အကြို “Ka-CHING!” သီချင်းဗီဒီယိုထွက်ရှိလာ

EXO-CBX ၏ ဂျပန်နိုင်ငံ ပွဲဦးထွက်အကြို “Ka-CHING!” သီချင်းဗီဒီယိုထွက်ရှိလာ

| No comment


EXO-CBX က ဘာသာစကားနောက်တစ်မျိုးနှင့် လုပ်ချလိုက်ပြန်ပါပြီ!

ဒီအဖွဲ့ဟာ သူတို့ရဲ့ ဂျပန်နိုင်ငံ ပွဲဦးထွက် mini album “Girls” ထွက်မလာခင်မှာ ခေါင်းစီးသီချင်း “Ka-CHING!” အတွက် သီချင်းဗီဒီယိုအတိုလေးကို မေလ ၁ ရက်က ထုတ်ခဲ့ပါတယ်။

ကိုရီးယား ပွဲဦးထွက်သီချင်းက ပျော်စရာကောင်းပြီး နားစွဲလွယ်သလောက် “Ka-CHING!” ကတော့ ၃ယောက်သားရဲ့ အမိုက်စား ကကွက်တွေပါဝင်ထားပြီး “lotto” သဘောတရားကို အခြေခံထားတာပဲဖြစ်ပါတယ်။

"Ka-CHING!” ကတော့ mini album “Girls” ထဲမှာ အပိုသီချင်းအပါအဝင် သီချင်း ၆ ပုဒ်ထဲက ၁ ပုဒ်ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ရဲ့ Japanese fan club-exclusive version ဟာ မထွက်ခင်ကတည်းက ရောင်းလို့ကုန်သွားပြီဖြစ်ကြောင်း သိရှိရပါတယ်။  mini album နှင့် သီချင်းဗီဒီယိုအပြည့်အစုံကတော့ EXO-CBX ရဲ့ တရားဝင် ဂျပန်နိုင်ငံ ပွဲဦးထွက်နေ့ဖြစ်တဲ့ မေလ ၂၄ ရက်မှာ ထွက်ရှိလာမှာဖြစ်ပါတယ်။ သူတို့က ဂျပန်နိုင်ငံပြည်တွင်းမှာ အချိန်တိုအတွင်း လှုပ်ရှားမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး မဂ္ဂဇင်းပေါင်းများစွာမှာလည်းပါဝင်ထားပြီး ဇွန်လဆန်းပိုင်းမှာလည်း free showcase လုပ်ဖို့စီစဉ်ထားပါတယ်။

EXO-CBX က မေလ ၁ ရက်က အဖွဲ့လိုက် teaser ဓာတ်ပုံ ၂ ပုံကိုလည်း ထုတ်ပေးခဲ့ပါသေးတယ်။

EXO-CBX က Mynavi GirlsAward 2017 Spring/Summer ပွဲကို မေလ ၃ ရက်မှာ တက်ရောက်မှာဖြစ်ပြီး မေလ ၁၂-၁၄ ရက်မှာတော့ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ EXO အဖွဲ့လိုက် Japanese fan event ကို ကျင်းပမှာဖြစ်ပါတယ်။




RII

#celebrity.thithtoolwin.com

Ref: Soompi