Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Fossil အမှတ်တံဆိပ် လက်ပတ်နာရီရဲ့ မျက်နှာသစ်ဖြစ်လာတဲ့ Austin Mahone

Fossil အမှတ်တံဆိပ် လက်ပတ်နာရီရဲ့ မျက်နှာသစ်ဖြစ်လာတဲ့ Austin Mahone

| No comment

Pop အဆိုတော် Austin Mahone  က Fossil ရဲ့ နောက်ဆုံးပေါ် မျက်နှာသစ်ဖြစ်လာပါတယ်။ #FossilFirst လို့ အမည်ပေးထားတဲ့ ဒီ campaign မှာ အောင်မြင်ကျော်ကြားသူတွေရဲ့ "ပထမဆုံး" တွေအပေါ်မှာ အခြေခံပြီး ပရိုဖိုင်လုပ်ထားတာဖြစ်ပြီး အရင်တုန်းကလည်း Kristen Bell နှင့် Leslie Odom Jr. အပါအဝင် လူတွေအများကြီး ပါဝင်ခဲ့ဖူးပါတယ်။

Mahone ရဲ့ ပရိုဖိုင်မှာတော့ သူ့ရဲ့ ပထမဆုံးအနမ်း၊ ပထမဆုံး drumset နှင့် အဓိကအကျဆုံးကတော့ သူ ကလေးဘဝကတည်းက ဆုံးပါသွားခဲ့တဲ့ ဖခင်ဆီက အမွေရရှိထားတဲ့ Fossil အမှတ်တံဆိပ် လက်ပတ်နာရီတို့ပါဝင်ပါတယ်။ "Quickfire Questions" ကဏ္ဍမှာတော့ သူက သူ့အမေကို ချီးကျူးဂုဏ်ပြုခြင်း၊ သူသဘောကျတဲ့ emoji တွေကို စာရင်းလုပ်ပြခြင်းနှင့် ပြီးပြည့်စုံတဲ့ selfie ရိုက်နည်း စတာတွေကို ပြောပြခဲ့ပါတယ်။

RII

#celebrity.thithtoolwin.com

Ref: Billboard